တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲအား နှစ်နိုင်ငံမီဒီယာ ပူးပေါင်းကျင်းပ

CGTN, June 10, 2025
Size:

China Media Group နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့ ပူးပေါင်းကျင်းပသည့် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်- တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲ” ကို ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing တို့ တက်ရောက်ခဲ့ပါသည်။

 

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ရောက်ရှိခါနီးအခါသမယတွင် အဆိုပါ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ မန္တလေးမြေငလျင်ကြီးကို အကြောင်းပြု၍ ဖိတ်ကြားထားသော တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ တတ်သိပညာရှင်များက “ရုတ်တရက်ဖြစ်ပေါ်လာတဲ့ကိစ္စရပ်အတွင်း တရုတ်-မြန်မာ မီဒီယာပူးပေါင်းဆောင်ရွက်မှုက တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းရဲ့ အနှစ်သာရကို ထင်ဟပ်နေခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းကို အာရုံစိုက်တဲ့ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးဆိုင်ရာ မီဒီယာပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက်များ၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် ခံယူ၍ တရုတ်အသွင်ပုံစံ ခေတ်မီမှုဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးခြင်း” ခေါင်းစဉ်သုံးရပ်ကို အခြေခံကာ ဆွေးနွေးခဲ့ကြပါသည်။

 

သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာများသည် ခေတ်ကာလသစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ မတ်လတုန်းက မြန်မာနိုင်ငံတွင် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နှစ်နိုင်ငံမှ သတင်းမီဒီယာသမားများသည် အလုပ်အပေါ်တာဝန်သိစိတ်နှင့် ကျွမ်းကျင်သောကိုယ်ရည်ကိုယ်သွေးတို့ဖြင့် အန္တရာယ်ကိုမမှုဘဲ ဘေးအန္တရာယ်ကျရောက်နေသောဒေသသို့ သွားရောက်ပြီး သတင်းမှန်များကို အချိန်နှင့်တပြေးညီ ပေးပို့ခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း တရုတ်-မြန်မာ ပြည်သူများ၏ အခက်အခဲများကြားက စစ်မှန်သောမေတ္တာတရားကိုလည်း မှတ်တမ်းတင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံမီဒီယာများသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကိုယ်တွေ့ကြုံရသူ၊ အသိသက်သေပြုသူ ဖြစ်ခဲ့ရုံသာမကဘဲ တည်ဆောက်သူ၊ ဖြန့်ဝေသူများလည်း ဖြစ်ကြောင်း၊ အားလုံးက တစ်ဖက်နိုင်ငံနှင့်ပတ်သက်သည့် နက်နဲသောအမှတ်တရများကို ကလောင်တံကိုင်ကာ ရေးဖွဲ့ကြပြီး နှစ်နိုင်ငံပြည်သူများ၏ ခင်မင်ရင်းနှီးသော ရင်တွင်းစကားသံများကို မိုက်ခရိုဖုန်းဖြင့် ဖြန့်ဝေပေးကြကာ နှစ်နိုင်ငံ၏ သက်ဝင်လှုပ်ရှားသော ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်များကို ကင်မရာရိုက်ချက်များဖြင့် မှတ်တမ်းတင်ကြကြောင်း၊ ယင်းတို့သည် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်သိရှိမှုများကို ထိရောက်စွာ မြှင့်တင်ပေးကြောင်း၊ မီဒီယာများအနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေးကို “အသံချဲ့စက်” အဖြစ် ဆောင်ရွက်ရန်၊ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် “တွန်းအားပေးသူ” အဖြစ် ဆောင်ရွက်ရန်၊ နှစ်ဦးနှစ်ဖက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အတွက် “အကျိုးထမ်းရွက်သူ” အဖြစ် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံက အလျင်အမြန်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံမီဒီယာများက အပြန်အလှန်ဖေးမကူညီကြသော စိတ်လှုပ်ရှားဖွယ်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံကြား နက်ရှိုင်းသော "ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရေးကို ပြသခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တရုတ်နိုင်ငံနှင့်အတူ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

 

China Media Group မှ ရန်ကုန်ဗျူရို သတင်းထောက် Mo Xiaoxin သည် မတ်လ ၂၈ ရက်နေ့ မြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်အတွင်း ငလျင်ဘေးသင့်ဒေသသို့ ဦးစွာ ရောက်ရှိခဲ့ပြီး ငလျင်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တစ်လျှောက် ပါဝင်သတင်းယူခဲ့ပါသည်။ တရုတ်မီဒီယာ ကိုယ်စားပြုအနေဖြင့် သူမက ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။

 

၇၅ နှစ်တာ ခရီးလမ်းအတွင်း မြန်မာ့ ဘေးအန္တရာယ် ဆိုင်ရာ အပြင် ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရယ် ထိခိုက်ပျက်စီးမှုများ အတွက် တရုတ်နိုင်ငံရဲ့ အကူညီပေးမှု ခရီးလမ်းနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေး အဖွဲ့ (MISIS) မှ ဝါရင့် အကြံပေး ဒေါက်တာ နိုင်ဆွေဦးကတော့ တရုတ်နိုင်ငံ သည် သဘာဝ ဘေးအန္တရာယ်တင် မကဘဲ မည်သည့် အခက်အခဲ မဆို အမြဲတမ်းအကူညီပေးနေသည် မှာ ၇၅ နှစ် တိုင်  ရှိနေပြီ ဖြစ်ကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မန္တလေး ငလျင်ကြီး တွင်လည်း Golden Hour အတွင်း ပထမဆုံး လာရောက် ကူညီကယ်ဆယ် သည့် အဖွဲ့သည် တရုတ်နိုင်ငံ မှ ဖြစ်ကြောင်း ၊ ထိုသို့ လုပ်ဆောင် နိုင်ခြင်းသည် တိုးတက်လာသည့် ဒစ်ဂျစ်တယ် မီဒီယာ ခေတ်ကြောင့် သတင်းများကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်နိုင်မှုများ ကြောင့် နိုင်ငံတကာမှ  လျင်လျင်မြန်မြန် သိရှိ ကာ  ကူညီပေးခဲ့ ကြောင်း ပြောကြားခဲ့သည်။

 

ငလျင် ဘေးအန္တရာယ် ကာလ အတွင်း  CGTN Myanmar   မှ ငလျင်ဆိုင်ရာ သတင်း အပုဒ်ရေ ၄၀၀ နီးပါး ကို ၃၈ နိုင်ငံရှိ ရုပ်မြင်သံကြား ၅၀၀ ကျော်မှာ အကြိမ်ရေ ၁၀၀၀ ကျော် ကို ဘာသာ စကား ၃ မျိုးဖြင့် သတင်းထုတ်လွှင့် ပေးခဲ့ကြောင်း သိရသည်။

 

တရုတ်မီဒီယာများ၏ သတင်းတင်ဆက်မှုများကြောင့် မန္တလေးငလျင် ဘေးအန္တရာယ်တွင်   သတင်းစီးဆင်းမှုသည် အလွန်အဆင်ပြေခဲ့ကြောင်း၊ ဌာန ဖွဲ့စည်းခဲ့သည့် ၂ နှစ်ကျော် ကာလ အတွင်း တရုတ်နိုင်ငံသည် မီဒီယာ အများစု နှင့် ချိတ်ဆက်ကာ ရုပ်ရှင်၊ ဂီတ စသော အနုပညာ ကဏ္ဍတွေမှာလည်း များစွာ ပူးပေါင်းနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် AI နည်းပညာအဆင့်မြင့်တဲ့ နိုင်ငံ ထဲ မှာ ပါဝင်သည့် အတွက် ယခုထက် ပိုမို ပူးပေါင်းကူညီပါက မီဒီယာ ကဏ္ဍ မှာ ပိုပြီး တိုးတက်လာနိုင်သည် ဟု ယုံကြည်ကြောင်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင် ကလည်း ထပ်မံပြောကြားခဲ့သည်။

 

လက်ရှိတွင် China Media Group မှ မြန်မာနိုင်ငံ ရှိ ပြန်ကြားရေးဦးစီးဌာန ၊ပြည်တွင်း ပုဂ္ဂလိက မီဒီယာတို့နှင့် ပူးပေါင်းကာ တရုတ်ယဉ်ကျေးမှုဆိုင်ရာ ရုပ်ရှင်နှင့် ဂီတများ ၊ နည်းပညာ ဆိုင်ရာသတင်းအချက်အလက်များကို တင်ဆက်ဖော်ပြပေးလျက်ရှိသည်။

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)၊ ရုပ်မြင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်း ကတော့ ၂၀၁၆ ခုနှစ်မှ စတင်ကာ China Media Group (CMG) သတင်းဌာနများတွင် မြန်မာ့အသံ မှ ဝန်ထမ်းများကို ၂ နှစ်တစ်ကြိမ် စေလွှတ်ပြီး ပူးပေါင်းတာဝန် ထမ်းဆောင်မှုများ ပြုလုပ်နေကြောင်း၊ နိုင်ငံတကာ စာမျက်နှာမှာသာမက Media ကဏ္ဍမှာပါ အတူတကွ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သံမှူးကြီးမှလည်း  ငလျင်ဘေးသင့် ပြည်သူများကို အကူအညီများ ထပ်မံ ပေးဦးမည်ဟု ပြောကြားသည့် အတွက် ငလျင်ဘေးသင့် ပြည်သူများအကြား  တရုတ်နိုင်ငံကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံမှ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ် ရေး ထောက်ပံ့ရေးပစ္စည်းများကို ဆက်တိုက် ပေးပို့လျှက်ရှိရာ မေလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့ အထိ ၁၅ သုတ်မြောက် နောက်ဆုံး ရောက်ရှိခဲ့ပြီး ဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်ကလည်း  မီဒီယာကဏ္ဍတွင် သတင်းအပြင် ရုပ်ရှင်၊ သဘင် နှင့် ဂီတများသည်လည်း မီဒီယာထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး ကြည့်ရှု့သည့် ပရိတ်သတ်၏ ရင်ထဲသို့ တိုက်ရိုက်ရောက်ကြောင်း၊ လက်ရှိမှာလည်း တရုတ် နှင့်ပူးပေါင်းဆောင်ရွက်သည့် ရုပ်ရှင် ဇာတ်လမ်းတွဲများလည်းရှိပြီး အဆိုပါ မီဒီယာကဏ္ဍကို ယခုထက် ပိုမို ပူးပေါင်းနိုင်ပါက Win-Win ဖြစ်တဲ့ အပြင် ငွေရေး ကြေးရေးအရ အကျိုးအမြတ်များလည်း ရနိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) မှ ဒုတိယဥက္ကဌ ဦးခင်မောင်ဇော်ကလည်း တရုတ်ကယ်ဆယ်ရးအဖွဲ့များ၏ အန္တရာယ်ကြားထဲ တိုးဝင်ကာ ကူညီခဲ့သည့် ဓာတ်ပုံများ  မြန်မာဘက်မှ ဒေသခံများ ၏ တစ်ဖန် ပြန်လည်ကူညီသည့် ပုံရိပ်များ ပြန့်နှံ့ခဲ့သည့် အတွက် နှစ်နိုင်ငံပြည်သူ နှစ်ရပ်ကြားထဲ ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးတိုးတက်မှုများကို မျက်မြင် တွေ့ခဲ့ရကြောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ ပမာဏအရသော်လည်းကောင်း ၊ ထိရောက်မှုအရသော်လည်းကောင်း နှစ်နိုင်ငံ၏ အပြန်အလှန် ထားကြသည့် စေတနာ အထောက်အကူတွေကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံတွေကပါ မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။