တရုတ်-အာဆီယံ ပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အသင်း နှင့် ဗီယက်နမ်အသင်း တို့သည် အမျိုးသား နှင့် အမျိုးသမီးအဖွဲ့လိုက် ပြိုင်ပွဲတွင် ချန်ပီယံဆု အသီးသီး ဆွတ်ခူး

CGTN, June 9, 2025
Size:

ဇွန်လ ၂ရက်နေ့က ၂၀၂၅ခုနှစ် တရုတ်-အာဆီယံ ပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အသင်းမှ အမျိုးသားအဖွဲ့လိုက်ချန်ပီယံဆုနှင့် ဗီယက်နမ် အသင်းမှ အမျိုးသမီး အဖွဲ့လိုက် ချန်ပီယံဆု အသီးသီး ဆွတ်ခူးခဲ့ကြပါသည်။

  ပြိုင်ပွဲများကို ဇွန်လ ၂ရက်နေ့က ကွေ့ကျိုးပြည်နယ် Qiannanဒေသခွဲ Huishuiခရိုင်ရှိ အားကစား စင်တာ၌ ကျင်းပခဲ့ရာ  တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အပါအဝင်   ၈နိုင်ငံမှ ပိုက်ကျော်ခြင်း အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပိုက်ကျော်ခြင်း ဝါသနာရှင်များနှင့် မြို့သူမြို့သားများစွာကို   ဆွဲဆောင်နိုင်ခဲ့ပါသည်။

1  2  3  >