ပေကျင်း-ယူနန် ကုန်းလမ်းမကြီးသစ် - ပေကျင်း-ယူနန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဇုန် စတင်ဖွင့်လှစ်

lmcchina.org, June 6, 2025
Size:

မေလ ၂၆ ရက်နေ့တွင် ပေကျင်း-ယူနန် ကုန်းလမ်းမကြီးသစ် - ပေကျင်း-ယူနန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဇုန် စတင်ဖွင့်လှစ်ပြီး ၎င်းစီမံကိန်းသည် တရုတ်-လာအို၊ ပေကျင်း-ယူနန် ကုန်းလမ်းနှင့် ဆိပ်ကမ်း ပူးတွဲပြီး အပြန်အလှန် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို တွန်းအားပေး၍ တရုတ်ပြည်တွင်း သမပိုင်းဇုန်ထွက်သီးနှံများကို ပြည်ပသို့ တင်ပို့ရန်နှင့် အရှေ့တောင်အာရှ အပူပိုင်းဇုန်ထွက်သီးနှံများ ပြည်တွင်းသို့ တင်သွင်းရန်အတွက် လမ်းကြောင်း ဖွင့်လှစ်လိုက်သည်။

တရုတ်နှင့် လာအိုနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအား ချိတ်ဆက်လျက်ရှိသော နိုင်ငံတကာလမ်းကြောင်း ဖြစ်သော တရုတ်လာအိုမီးရထားလမ်း စတင်လည်ပတ်လာခြင်း ၃ နှစ်အတွင်းတွင် ခရီးသည်ပေါင်း ၄၃ သန်းနှင့် ကုန်စည် တန် ၄၈.၃ သန်းကို သယ်ယူပို့ဆောင်ခဲ့ပြီ ဖြစ်သည်။ (၎င်းထဲတွင် နယ်စပ်ဖြတ်ကျော် ကုန်စည် တန် ၁၀.၆ သန်း ပါဝင်သည်။)

ပေကျင်း-ယူနန် ကုန်းလမ်းမကြီးသစ် - ပေကျင်း-ယူနန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဇုန်သည် ပို့ဆောင်ရေးကုန်ကျစရိတ်ကို လျှော့ချရန်နှင့် ပို့ဆောင်ရေး ပိုမို တွယ်ကျယ်စေရန် ရည်ရွယ်ပြီး ”ဇုန်အပြင်တွင် ဇုန်ရှိခြင်း”နှင့် “ဇုန်အတွင်းတွင် ဇုန်ရှိခြင်း”ပုံစံဖြင့် လည်ပတ်မည်ဖြစ်၍ အအေးခံရထားတွဲနှင့် အအေးခံဂိုဒေါင် စသောအခြေခံအဆောက်အအုံများကို အတူသုံးစွဲခြင်း၊ “ပေကျင်း-ယူနန်-လန်မဲ” နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးရထားကို ပုံမှန်လည်းပတ်စေခြင်း၊ ဝန်ဆောင်စွမ်းအားများကို စုပေါင်းခြင်း စသောပူးပေါင်းဆောင်ရွက်မှုပုံစံ ၇ မျိုးဖြင့် ၂၀၂၅ ခုနှစ်တွင် ယွမ် သန်း ၃၀၀ တန်ဖိုးရှိ ကုန်စည် တန် ၂ သိန်း ပို့ဆောင်နိုင်အောင်နှင့် နောက် ၂ နှစ်တွင် ပို့ဆောင်ရေးတိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းထက်မနည်းအောင် ရည်ရွယ်ထားသည်။