မေလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သော ၄၆ ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ "အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅" ကို အတည်ပြုခဲ့ပြီး ကွာလာလမ်ပူ ကြေညာစာတမ်းကိုလည်း ထုတ် ပြန် ခဲ့ကာ လာမည့် နှစ်ပေါင်း ၂၀ အတွင်း အာဆီယံနိုင်ငံများ၏ ဖွံ့ဖြိုးရေး အ တွက် လမ်းညွှန်ချက်များနှင့် စီမံချက်များကို ချမှတ်ထားပါသည်။
အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင် တည် ထောင်ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှာ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ် ၊ လာအို၊ ကမ္ဘောဒီးယား နှင့် မြန်မာ နိုင်ငံ တို့ ဖြစ်ပြီး မလေးရှားသည် ၂၀၂၅ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ကြောင်း သတင်းရရှိပါသည်။