ဤ "ရွှေတြိဂံ" စနစ်သည် အဘယ်ကြောင့် ဆန်းသစ်တီထွင်မှု တစ်ရပ် ဖြစ်ပါသနည်း

CGTN, June 4, 2025
Size:

   မေလ ၂၇ ရက်နေ့က ပထမဆုံးအကြိမ် အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ ထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ကျင်းပခဲ့ပါသည်။ ကမ္ဘာ့ မြေပုံပေါ်မှာ တရုတ်၊ အာဆီယံနှင့် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ နိုင်ငံများ တည်ရှိရာ နေရာသည် တြိဂံ ပုံစံ ဖြစ်သဖြင့် မလေးရှား မီဒီယာများက ဤသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို "ရွှေတြိဂံ" ဟု ခေါ်ဝေါ် နေပါသည်။

   ယခုအကြိမ် ထိပ်သီး အစည်းအဝေးမှ ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် စီးပွားရေး တစ်ပြေးညီ ဖြစ်ရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ စွမ်းအင် လုံခြုံရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဆန်းသစ်တီထွင်ရေး၊ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေး စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ချက်များကို ဖော်ပြ ထားပါသည်။ တရုတ်နိုင်ငံက ယခုအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သလိုပင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၏ "ဆန်းသစ်တီထွင်မှု" တစ်ရပ်ပင် ဖြစ်ပါသည်။

   တရုတ် သိပ္ပံပညာ တံခွန် အသင်းကြီး အာရှ ပစိဖိတ်နှင့် နိုင်ငံတကာ မဟာဗျူဟာ သုတေသနဌာနမှ သုတေသီ ရွှီလိဖိန်က ပထဝီ အနေအထားအရ ကြည့်ခြင်းအားဖြင့် သုံးပွင့်ဆိုင် နိုင်ငံများသည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများမှာ တည်ရှိပြီး အာရှတိုက်မှာ ယင်းကဲ့သို့သော ဒေသဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှုသည် အလွန် ရှားပါးပါကြောင်း၊ စနစ် အရ ကြည့်ခြင်းအားဖြင့် အရင်က တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၊ တရုတ်- ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ ထိပ်သီးအစည်းအဝေး ကဲ့သို့သော နှစ်ဖက်ချင်း ထိပ်သီး အစည်းအဝေးများနှင့် နှိုင်းယှဉ်ပါက သုံးပွင့်ဆိုင် ထိပ်သီး အစည်းအဝေးသည် စနစ် ဆိုင်ရာ ဆန်းသစ်မှု ရှိကြောင်း၊ အရည်အသွေး မြင့်မားသော Belt and Road လက်တွဲ တည်ဆောက်မှု ဆက်တိုက် တိုးတက်လာသည်နှင့်အမျှ အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် အလွန် ရေးကြီးသည့် ပလက်ဖောင်းသစ် တစ်ခု ဖြစ်သွားမည် ဖြစ်ကာ ထွန်းသစ်စ စီးပွားရေး အုပ်စုများ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းရေး၏ စံနမူနာ ဖြစ်သွားမည် ဖြစ်၍ ဦးဆောင်ခြင်းနှင့် စံပြပြုခြင်း အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   "ရွှေတြိဂံ" နိုင်ငံများ၏ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင် ဖော်ဆောင်လာသည်နှင့် အမျှ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုများကို ဖော်ဆောင်မည့် အပြင် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကိုလည်း ပိုမို အားကောင်းစွာ ထိန်းသိမ်းနိုင်မည် ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေးအတွက်လည်း ပိုမို အားကောင်းသော "အာရှ အင်အား" ကို ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖော်ပြထားပါသည်။