၂၀၂၅ ခုနှစ် "Chinese Bridge" တရုတ်စာစွမ်းရည်ပြိုင်ပွဲကို မေလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ မန္တလေးမြို့၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မန္တလေးမြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် ကိုဖိန်၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံခြားရောက် တရုတ်အနွယ်ဖွားများနှင့် လူမှု ချစ်ကြည်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြ ပါသည်။