တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၅ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေ ၂၃ ရက်၊ ၂၄ ရက်များတွင် ဆက်တိုက်ရောက်ရှိခဲ့သည်။ အဆိုပါပစ္စည်းများတွင် ရုံးခန်းသုံးအသင့်တပ်ဆင်နေအိမ်နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၆၀ စုံ၊ အသင့်တပ်ဆင်လူနေအိမ် ၁,၁၂၀ စုံ၊ ဒီဇယ်ဆီ တန်ချိန် ၁၂,၀၀၀ နှင့် ဓာတ်ဆီတန်ချိန် ၃,၀၀၀ ပါဝင်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ မေလ ၂၅ ရက် နံနက်ပိုင်းက ဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။