မေလ ၂၄ ရက်နေ့က တရုတ် စာရေးဆရာများအသင်း နိုင်ငံတကာ ဆက်သွယ်ရေးဌာန၊ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ စာရေးဆရာများအသင်း၊ ကွမ်တုန်းပြည်နယ် စာရေးဆရာများ အသင်းတို့ ပူးတွဲ ဦးစီး ကျင်းပသော ဒုတိယအကြိမ်မြောက် "အာဆီယံ လူငယ် စာရေးဆရာများ တရုတ်ခရီးစဉ်" လှုပ်ရှားမှုကို နန်နင်းမြို့၌ စတင်ခဲ့ပါသည်။ အာဆီယံ နိုင်ငံ ၉ နိုင်ငံနှင့် တရုတ်နိုင်ငံ ဘေးကျင်း၊ ရှန်ဟိုင်း စသည့် ဒေသများမှ စာရေး ဆရာ၊ ကဗျာဆရာ၊ ဘာသာပြန် စုစုပေါင်း လူ ၄၆ ဦးတို့သည် ယခုအကြိမ် လှုပ်ရှားမှုတွင် ပါဝင် ခဲ့ကြပါသည်။
စတင်ပွဲ အခမ်းအနားအပြီးတွင် တရုတ်-အာဆီယံ လူငယ် စာရေးဆရာများ ဆွေးနွေး ပွဲကိုလည်း ကျင်းပခဲ့ပြီး မြန်မာစာရေးဆရာများအသင်း ဥက္ကဋ္ဌ၊ ကမေ႓ာဒီးယား စာရေးဆရာများ အသင်း ဥက္ကဋ္ဌ စသည့် ယခုအကြိမ် လှုပ်ရှားမှုတွင် ပါဝင်ကြသော တရုတ်နှင့် အာဆီယံမှ ဧည့်သည်တော်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
မြန်မာစာရေးဆရာများအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က နိုင်ငံအသီးသီးမှ စာရေးရာ မိတ်ဆွေများ အနေနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် စာပေ ပူးပေါင်း ဆောင်ရွက်မှုမှ တစ်ဆင့် ချစ်ကြည်ရေးကို တစ်ဆင့် တိုးမြှင့်ပြီး အနာဂတ်တွင် ဆက်လက် အပြန် အလှန် အားပေးထောက်ခံကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။