လီချန်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်းချင် တွေ့ဆုံဆွေးနွေး

Xinhua, May 29, 2025
Size:

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်းချင်နှင့် ဒေသစံတော်ချိန် မေ ၂၇ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် မေ ၂၇ ရက် ညနေပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ကာလအတွင်း ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်းချင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လီချန်က မကြာသေးမီက အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်၏ ဗီယက်နမ်နိုင်ငံ နိုင်ငံတော်ခရီးစဉ်သည် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း၊ နှစ်ဖက်သည် “ပိုမိုကောင်းမွန်မှုဆိုင်ရာ ခြောက်ချက်” အလုံးစုံရည်မှန်းချက်နှင့်အညီ မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအား အရှိန်အဟုန်မြှင့်တင်ရန် တစ်ပြိုင်တည်း သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူ နိုင်ငံတော်ခရီးစဉ်တွင် ရရှိသော ရလဒ်များကို လက်တွေ့ဖော်ဆောင်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးသွားလာမှုကို ထိန်းသိမ်းကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ ကဏ္ဍအသီးသီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရည်အသွေးမြင့်မားသော၊ ပိုမိုနက်ရှိုင်းသောအလွှာအထိ တိုးတက်ရေးအား တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ လက်ရှိတွင် နိုင်ငံတကာအခြေအနေ မတည်ငြိမ်မှု၊ မသေချာမရေရာမှု ဖြစ်စေသော အကြောင်းရင်းများ ပိုမိုများပြားလာကြောင်း၊ တရုတ်နိုင်ငံသည် တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံနှင့်အတူ ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားကုန်သွယ်ရေးစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖမ်မင်းချင်က အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်သည် ပြီးခဲ့သည့်လတွင် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာ လာရောက်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အတူ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီး သဘောတူညီမှုများကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးသွားလာမှုကို နီးကပ်စွာလုပ်ဆောင်ပြီး ကဏ္ဍအသီးသီး အပြန်အလှန်အကျိုးပြု ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် ပထမအကြိမ် အာဆီယံ-တရုတ်- GCC ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ သုံးဘက်ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော လက်တွေ့ကျ အောင်မြင်မှုရလဒ်များရရှိရေးကို တွန်းအားပေးလိုကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေမှာ စိန်ခေါ်မှုများနှင့် ပြည့်နှက်လျက်ရှိရာ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ကာ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)