ဒေသစံတော်ချိန် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။ ယခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သည့် မလေးရှား နိုင်ငံသည် “အများပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့မှု” ဟူသောဆောင်ပုဒ်ကို အဆိုပြုခဲ့သည်။ အစီအစဉ်အရ ဤထိပ်သီးအစည်းအဝေးသည် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၊ အရှေ့တီမော၏ အာဆီယံသို့ တရားဝင်ဝင်ရောက်ခြင်းနှင့် မြန်မာနိုင်ငံ အခြေအနေ စသည့် ကိစ္စရပ်များကို အဓိကထားဆွေးနွေးမည့်အပြင် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးစသည့် နယ်ပယ်များတွင် စိန်ခေါ်မှုများကို လည်း ဆွေးနွေး မည်ဖြစ်သည်။