တရုတ်-လာအိုရထားသည် အရှေ့တောင်အာရှမှ ဒူးရင်းသီးများ တရုတ်သို့ လတ်ဆတ်စွာ ပို့ဆောင်ရန် အထောက်အကူပြု

lmcchina.org, May 23, 2025
Size:

မေလမှစ၍ အရှေ့တောင်အာရှဒေသမှ ဒူးရင်းသီးများ ရိတ်သိမ်းသောရာသီသို့ ဝင်လာသဖြင့် တရုတ်-လာအိုရထား၏ နိုင်ငံဖြတ်ကျော် အအေးခံပို့ဆောင်ရေးသည် အကြိမ်ပြည့်ပြေးဆွဲလာရသည်။

တရုတ်-လာအိုရထားမှ “လန်ချန်း-မဲခေါင်အမြန်လိုင်း”သည် ၂၆ နာရီအတွင်း နိုင်ငံဖြတ်ကျော်၍ တိုက်ရိုက်ပို့ဆောင်နိုင်ခြင်းနှင့် ခရီးတစ်လျှောက် ဆိုက်ရောက်ချိန်ကို မှန်မှန်ထိန်းချုပ်နိုင်ခြင်း စသောအားသာချက်များကြောင့် ဒူးရင်းသီးကို ပို့ဆောင်သောအဓိကလိုင်း ဖြစ်လာသည်။ နေ့စဉ် ဒူးရင်းသီးကို သယ်ဆောင်သည့် အအေးခံမီးရထားသုံးစင်းသည် လာအိုနိုင်ငံ ဗီယန်ကျန်းမှ ထွက်ပြီး ကူမင်းသို့ ရောက်ရောက်ချင်း ကွန်တိန်နာကို လျန်မြန်စွာ ပြောင်းတင်၊ ကုန်ပစ္စည်းဖွဲ့စည်းမှုကို ပြန်ပြု၍ ကူမင်းမှ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး စသောမြို့ကြီးများသို့ အမြန်ဆုံးဖြင့် ပြန်ပို့ရသည်။ သာမန်ကုန်းလမ်းပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ကြည့်လျှင် ရထားပို့ဆောင်ရေးသည် အချိန် ပိုမှန်သည့်အပြင် ပျက်စီးမှုလည်း ပိုနည်းသောကြောင့် သူတို့ကုမ္ပဏီသည် နှစ်စဉ် လာအိုမှ ဒူးရင်းသီးကို ကွန်တိန်နာ ၂၀၀၀ ကျော် ပို့ဆောင်နိုင်၍ တွင်ကျယ်မှု ပိုရှိကြောင်း ကူမင်းတာ့ထိုက် နိုင်ငံတကာ ကုန်သွယ်ရေးကုမ္ပဏီ တာဝန်ရှိသူ Lei Wenwu က ပြောကြားသည်။

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဒူးရင်းသီး ထွက်ရှိမှု ၃၀ ရာခိုင်နှုန်း တိုးများလာနိုင်ခြင်းကြောင့် တရုတ်-လာအို နိုင်ငံဖြတ်ကျော် ပို့ဆောင်ရေးလည်း လိုက်ပြီးတိုးများလာ၍ တစ်နေ့လျှင် အအေးခံရထား အများဆုံး အစင်း ၁၁၀ တရုတ်ပြည်တွင်းဆိုက်ရောက်နိုင်သည်။