တရုတ် အစိုးရမှ စေလွှတ်သော ကျန်းမာရေးနှင့် ကပ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကူညီပံ့ပိုးရေး အဖွဲ့သည် မြန်မာ နိုင်ငံတွင် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပြီးဆုံးပြီ ဖြစ်၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိ

CGTN, May 23, 2025
Size:

တရုတ် အစိုးရမှ စေလွှတ်သော ဘေးဒဏ်အပြီး ကျန်းမာရေးနှင့် ကပ်ရောဂါ ကာကွယ် ရေး ဆိုင်ရာ ကူညီပံ့ပိုးရေး အဖွဲ့သည် မြန်မာ နိုင်ငံတွင် လုပ်ငန်းတာဝန်များကို တစ်လကြာ အောင်မြင်စွာ ဆောင်ရွက်ပြီးဆုံးပြီ ဖြစ်၍ ယခုလ ၁၈ရက်နေ့ နေ့လယ် ၁၂နာရီ အချိန်ခန့်တွင် လေယာဉ်ဖြင့် ရန်ကုန်မှ တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သတင်းအရ သိရသည်။

လွန်ခဲ့သည့် တစ်လ အတွင်း တရုတ် ကျန်းမာရေးနှင့် ကပ်ရောဂါ ကာကွယ်ရေး အဖွဲ့ သည် မန္တလေးတွင် ကွင်းဆင်းလေ့လာရေးများပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နမူနာယူပြီး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနည်းများကို ညွှန်ကြားပေးခြင်း နှင့် ကျန်းမာရေး အသိပညာပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။။

မြန်မာဘက်မှ ထုတ်ပြန်ချက် အရ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့၏ လက်တွဲ ကြိုးပမ်းမှုများဖြင့် ယခုအထိ မန္တလေး ဒေသတွင် ကူးစက်ရောဂါ ပြန့်ပွားမှုကို မတွေ့ရှိရ ကြောင်း၊ ဘေးဒဏ်အပြီး ကျန်းမာရေးနှင့် ကပ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကူညီပံ့ပိုးရေး လုပ်ငန်းသည် လက်တွေ့ကျသော အကျိုးဖြစ်ထွန်းမှုများ ရရှိခဲ့ကြောင်း သိရသည်။