ယခုအခါ အရှေ့တောင်အာရှမှ ဒူးရင်းသီး၊ မင်းဂွတ်သီးနှင့် အုန်းသီးကဲ့သို့သော အပူပိုင်း ဒေသထွက် သစ်သီးများသည် ရောင်းအားအမြင့်ဆုံးရာသီသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက် အတွင်း ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့ ရှိ အကြီးဆုံး သစ်သီး လက်ကားဈေးတွင် မြို့သူမြို့သားများနှင့် ဈေးသည် အများအပြား သွားရောက် ဝယ်ယူ ခဲ့ကြသည်။ မကြာသေးမီနှစ်များအတွင်း တရုတ် — အာဆီယံကြား စိုက်ပျိုးရေး ကုန်သွယ်မှု အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်ကျော် ကုန်စည် ပို့ဆောင်ရေး စနစ် စဉ်ဆက် မပြတ် တိုးတက်မှုနှင့်အတူ ဒူးရင်းသီးကဲ့သို့သော အရှေ့တောင် အာရှ၏ သစ်သီးဝလံ များသည် တရုတ်ဈေးကွက်သို့ ပိုမိုအဆင်ပြေမြန်ဆန်စွာ ဝင်ရောက် နိုင်ခဲ့သည်။