တရုတ်မှ ဗီယက်နမ် ဟနွိုင်းသို့ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လမ်း ကြောင်း အသစ် ဖွင့်လှစ်

CGTN, May 21, 2025
Size:

မေလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအသစ် ဖွင့်လှစ်ခဲ့ပါသည်။ ထိုနေ့ နံနက်ပိုင်းတွင် အီလက်ထရွန်းနစ်ပစ္စည်းများ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အထွေထွေ ကုန်ပစ္စည်းများကို တင်ဆောင်ထားသည့် ကုန်တင်ကားများသည် တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့် လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်း မြို့နှင့် ယူနန် ပြည်နယ် ကူမင်း မြို့မှ တစ်ပြိုင်နက်တည်း ထွက်ခွာပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့  မောင်းနှင်ခဲ့ကြပါသည်။ ဤ သည်မှာ တရုတ်ကုန်တင်ကားများသည် CBTA လိုင်စင်ဖြင့် ပထမဆုံးအကြိမ် ဗီယက်နမ်နိုင်ငံ အတွင်းပိုင်းသို့ ဝင်ရောက်ခွင့်ရခဲ့ကြောင်း  ပြသခဲ့ပါသည်။

မဟာ မဲခေါင်ဒေသခွဲ (GMS) တွင် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်ပြီး CBTA လိုင်စင်ဆိုသည်မှာ မဟာ မဲခေါင်ဒေသခွဲ ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အတွင်း နိုင်ငံများ အကြား သဘောတူညီထားသော ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး ခွင့်ပြုလိုင်စင် ဖြစ်သည်။ ဤလိုင်စင်ရှိပါက ခရီးသည်တင်နှင့် ကုန်တင်ကား များသည် အဆိုပါ ၆ နိုင်ငံကြား သဘောတူညီထားသော လမ်းကြောင်း များ တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။