တရုတ်နိုင်ငံ သိပ္ပံနည်းပညာအကယ်ဒမီ ကူမင်း တိရစ္ဆာန်သုတေသနဌာနသည် အရှေ့တောင် အာရှနိုင်ငံများမှ သိပ္ပံသုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆယ် နှစ်ကြာ အားထုတ်မှုဖြင့် ပထမဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှရှိ ရှုပ် ထွေးသော လူသား များ၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံနှင့် ဆင့်ကဲပြောင်းလဲမှု သမိုင်းကို စနစ်တကျ ဖော်ထုတ် နိုင် ခဲ့သည်။ "အရှေ့တောင်အာရှလူမျိုးများ မျိုးရိုးဗီဇဆိုင်ရာ အစီအစဉ်"၏ ပထမ အဆင့် ရလဒ် များကို နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ဂျာနယ် Nature တွင် မေလ ၁၄ ရက်နေ့က ထုတ် ဝေခဲ့သည်။
အရှေ့တောင်အာရှသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံးသော လူသားများ ဆင့်ကဲ ပြောင်း လဲမှု ဒေသတစ်ခုဖြစ်ပြီး ဤဒေသရှိ လူသားများသည် အလွန်မြင့်မားသော မျိုးရိုး ဗီဇ ဆိုင်ရာ ကွဲပြားမှုများ ရှိသည်။ သို့သော် ဤဒေသ၏ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုများသည် အချိန် ကြာမြင့်စွာ နှောင့်နှေး နေခဲ့ပြီး လူသားများ၏ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှု ဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုနှင့် ရောဂါဗီဇဆိုင်ရာ ယန္တရားကို လေ့လာသိမြင်နိုင်မှုကို ကန့် သတ် ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ လူသား မျိုးရိုးဗီဇဆိုင်ရာ သုတေသန၏ "နောက်ဆုံး ကျန်ရစ် ခဲ့သော ပဟေဠိအစိတ်အပိုင်း" အဖြစ် သတ်မှတ်ခံခဲ့ရသည်။