၂၀၂၅ခုနှစ် တရုတ်-ဗီယက်နမ် ဘေဘူးပင်လယ်ကွေ့ ငါးနှင့် ရေနေသတ္တဝါများ အရင်းအမြစ် မျိုးဆက်ပြန့်ပွားရေးနှင့် ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းကို တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ တုန်းရှင်းမြို့ရှိ ဘေလွင်မြစ်ဝ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းတွင် ဘေဘူး ပင်လယ်ကွေ့အတွင်းသို့ ရေနေသက်ရှိ မျိုးစိတ်ပေါင်း (၇၄.၇၇) သန်းခန့်ကို ပြန်လည်လွှတ်ပေးခဲ့သည်။
၂၀၁၇ ခုနှစ်မှစတင်၍ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံသည် ဘေဘူးပင်လယ်ကွေ့တွင် (၈) နှစ်ဆက်တိုက် ဤကဲ့သို့သော ငါးနှင့် ရေနေသတ္တဝါများ မျိုးဆက်ပြန့်ပွားရေးနှင့် ပြန်လည်ဖြင့်တင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ လွှတ်ပေးခဲ့သည့် ရေနေသက်ရှိမျိုးစိတ်များသည် ပင်လယ်ကမ်းရိုးတန်းရှိ ဇီဝမျိုးစုံမျိုးကွဲ အရင်းအမြစ်များကို တိုက်ရိုက်ဖြည့်ဆည်းပေးခဲ့ပြီး ပင်လယ်သယံဇာတ ထိန်းသိမ်းကာကွယ်ရေးအတွက် သက်ရောက်မှုရှိသော အခန်းဏ္ဍမှ ပါဝင်ခဲ့ကြောင်းသိရသည်။