လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် တရုတ်နိုင်ငံ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းမှာ အပြန်အလှန် ချိတ်ဆက်မှု၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ တိုးတက်လာမှုများ စဉ်ဆက်မပြတ် ရှေ့သို့ တိုးတက်လျက်ရှိရာ ဒေသတွင်းရှိပြည်သူများအတွက် လက်တွေ့အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလျက်ရှိသည်။
ဗီယက်နမ်သည် အရှေ့တောင်အာရှနိုင်ငံတွင် တိုးတက်မှု အမြန်ဆုံး စီးပွားရေးအစုအဖွဲ့တစ်ခုအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်လွန်ခဲ့သည်။ ဤသို့သောအခြေအနေမျိုးတွင် Shun Feng သည် ပြည်ပပစ္စည်းပို့ဆောင်ရေးလုပ်ငန်း ချဲ့ထွင်ခဲ့ရာ နန်နင် Lian Tong နှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ကိုယ်တိုင်လည်ပတ်မှု အကောက်ခွန်ရှင်းတမ်းလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သည်။ လက်ရှိ ဗီယက်နမ်ရှိ Shun Feng ကိုယ်တိုင်လည်ပတ်သည့် အကောက်ခွန်ရှင်းတမ်းလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင် ၂၃၀ ဦးကျော် ရှိရာ အကောက်ခွန်လုပ်ငန်းစဉ်အတွက် အချိန်များစွာ သက်သာစေသည်။
JINGDONG Express မှာလည်း ၂၀၁၉ ခုနှစ်က ဗီယက်နမ်ဈေးကွက်ထဲသို့ ရောက်ရှိကာ မဲခေါင်မြစ်နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ခဲ့သည်။ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်စသဖြင့် နိုင်ငံများ၌ ပြည်ပဂိုဒေါင် ၇ ခု ထားရှိရာ အရှေ့တောင်အာရှလုပ်ငန်းများ၊ တရုတ်မှ အရှေ့တောင်အာရှသို့ ပို့ဆောင်သောလုပ်ငန်းများနှင့် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နယ်စပ်ဖြတ်ကျော် E-commerce စီးပွားရေးလုပ်ငန်းများကို အဓိကထားဝန်ဆောင်မှုပေးသည်။
နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး၏ ကုန်ကျစရိတ် လျှော့ချပြီး အရည်အသွေး မြင့်မားစေရန် ZhongTong သည် ကွမ်ရှီးတွင် နိုင်ငံတကာ အမြန်ချောပို့ “တစ်ဆက်တည်း” နယ်စပ်ကျော်ပို့ဆောင်ရေးစနစ်ပုံစံကို ကြိုးစားရှာဖွေခဲ့သည်။ ZhongTong သည် ဗီယက်နမ်၏ တတိယအကြီးဆုံး အမြန်ချောပို့ကုမ္ပဏီ GHN ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။
တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးတွင် ဆက်လက်ပါဝင်မည် ဖြစ်ပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့နေထိုင်မှုဘဝ မြှင့်တင်ရန် အပြုသဘော အကျိုးဆောင်သွားမည် ဖြစ်သည်။