၂၀၂၅ ခုနှစ် ရေအရင်းအမြစ်နယ်ပယ် လန်ချန်း-မဲခေါင် ရက်သတ္တပတ် အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ဟဲပေပြည်နယ် ရှုံအန်းမြို့သစ်၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အဆိုပါဖလှယ်ပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဆည်မြောင်းဝန်ကြီးဌာန၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တရုတ်နိုင်ငံဆိုင်ရာသံရုံးများ၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး၌ ပါဝင်သော သက်ဆိုင်ရာဌာနနှင့် မီဒီယာကိုယ်စားလှယ် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်။
အဆိုပါရေအရင်းအမြစ်နယ်ပယ် လန်ချန်း-မဲခေါင် ရက်သတ္တပတ် အစီအစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ၄ ကြိမ်မြောက် ခေါင်းဆောင်များအစည်းအဝေးနှင့် ၉ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးစိတ်ဓာတ်ကို နက်နဲစွာ အကောင်အထည်ဖော်ရန်၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးလာမှုကို မျှဝေရန်၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်ကို ဖလှယ်ကြရန်၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး ၂.၀ကို အတူတကွ ဖော်ဆောင်ရန်၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးကို တည်ငြိမ်စွာ ရေရှည် တိုးတက်လာစေရေး တွန်းအားပေးရန် ဟူသောရည်ရွက်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖလှယ်ပွဲတွင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးသည် လန်ချန်း-မဲခေါင်ဒေသအတွက် ရေရှည်တိုးတက်ဖွံ့ဖြိုးရန် အဓိကအခြေခံ ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံငါးနိုင်ငံ၏သံရုံးများမှ သံအမတ်များ မိန့်ခွန်းပြောဆိုရာတွင် တစ်သားတည်း ယူဆကြသည်။ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် လန်ချန်း-မဲခေါင်ခြောက်နိုင်ငံ ရေအရင်းအမြစ် စီမံခန့်ခွဲရန်နှင့် အသုံးချရာတွင် အရေးပါသောဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း ဖြစ်သည်။
လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး၏ တိုးတက်မှုနှင့် ရလဒ်ကို လန်ချန်း-မဲခေါင်ငါးနိုင်ငံမှ မြင့်မားစွာ မှတ်ချက်ပေးခဲ့ကြသည်။ တရုတ်နိုင်ငံ ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု၏ သဘောတရားခံယူချက်ကို အတုယူပြီး တရုတ်နိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးစင်တာမှ အထွေထွေပလက်ဖောင်း၏ အခန်းကဏ္ဍကို ပြည့်ဝစွာ အသုံးချသွားမည်ဖြစ်ရာ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး ငါးနှစ်တာစီမံကိန်း ၂၀၂၃-၂၀၂၇ ကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ မူဝါဒဆိုင်ရာ ဆက်သွယ်မှုနှင့် နည်းပညာဖလှယ်မှုကို အားသစ်လောင်းပေးပြီး ထူးချွန်သောလူ့အရင်းအမြစ် မွေးထုတ်မှုကို မြှင့်တင်ကာ အချက်အလက် အတူတကွ မျှဝေရန် တွန်းအားပေးပြီး လက်တွေ့ကျသောစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစွမ်းရည်ကို တိုးတက်အောင် ကြိုးစားပြီး လန်ချန်း-မဲခေါင် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်များသည် ပိုင်ယန်တင့်၏ရေစီမံခန့်ခွဲမှုနှင့်ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာကြည့်ရှုနေကြစဥ်
ကိုယ်စားလှယ်များသည် ပြန်လည်အသုံးပြုရေသန့်စင်ရေးလုပ်ငန်းကို လေ့လာကြည့်ရှုနေကြစဥ်
ကိုယ်စားလှယ်များ နှီးနှောဖလှယ်နေကြစဥ်