တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၃ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၉ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က မေ ၁၀ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။
ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများမှာ အသင့်တပ်ဆင်ရန် သာမန်နေအိမ် အလုံးရေ ၁,၅၇၆ လုံး ဖြစ်ကြောင်း သိရသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် မေ ၉ ရက်အထိ သေဆုံးသူ ၃,၈၀၀ ဦး ခန့်ရှိပြီး၊ ဒဏ်ရာရရှိသူ ၅,၁၀၀ ဦး ကျော်ရှိကြောင်း မြန်မာနိုင်ငံပိုင်သတင်းဌာန၏ မေ ၁၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)