တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၂ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လွှဲပြောင်းပေးခဲ့

Xinhua, May 12, 2025
Size:

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၂ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၂ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မေ ၈ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။
ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းမှာ တန်ချိန် ၁၇,၀၀၀ ရှိသော ဓာတ်ဆီဖြစ်သည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် မေ ၇ ရက်အထိ သေဆုံးသူ ၃,၈၀၀ ဦး ခန့်ရှိပြီး၊ ဒဏ်ရာရရှိသူ ၅,၁၀၀ ဦး ကျော်ရှိကြောင်း မြန်မာနိုင်ငံပိုင်သတင်းဌာန၏ မေ ၈ ရက် သတင်းဖော်ပြချက်အရသိရသည်။ (Xinhua)