ဧပြီလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်ပကုန်စည်ပို့ဆောင်ရေးလုပ်ငန်း(ယူနန်)ကုမ္ပဏီ လည်ပတ်သော “လန်ချန်း-မဲခေါင်အမြန်လိုင်း” တရုတ်-လာအို-ထိုင်း-မြန်မာ ပုံစံမျိုးစုံ နိုင်ငံတကာ တွဲဖက်ပို့ဆောင်ခြင်းရထားသည် ဝမ်ကျာရင်ရှီ Zhong Tie Lian Ji ကူမင်းဗဟိုဌာနမှ ပထမဆုံးအကြိမ် စတင်ထွက်ခွာသည်။
တရုတ်-လာအို-ထိုင်း-မြန်မာ ပုံစံမျိုးစုံ နိုင်ငံတကာ တွဲဖက်ပို့ဆောင်ခြင်းရထားသည် တရုတ်-လာအို ရထားလမ်းကို ဗဟိုပြု၍ ရထားလမ်း၊ ကားလမ်း၊ ရေလမ်း စသော ပို့ဆောင်ရေးလမ်းကြောင်းမျိုးစုံကို တွဲဖက်အသုံးပြုသော ပို့ဆောင်ရေးပုံစံ ဖြစ်ကာ ၎င်းသည် တရုတ်ကူမင်း-လာအိုဗီယင်ကျန်း-ထိုင်းလာလန်-မြန်မာရန်ကုန် ဟူသော နိုင်ငံဖြတ်ကျော် ပို့ဆောင်ရေးကွန်ယက်ကို ထူထောင်လာသည်။
ပထမရထားတွင် ကွန်တိန်နာ ၃၂ လုံးကို တင်ထားပြီး ကုန်ပစ္စည်းများတွင် လယ်ထွက်ပစ္စည်း၊ နေ့စဉ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ တိပ် စသော ကူမင်းထုတ် ကုန်ပစ္စည်းများ ပါဝင်၍ ကုန်ပစ္စည်းတန်ဖိုးသည် ယွမ် ၁၆ သန်းကျော် ရှိသည်။ ရထားသည် ဝမ်ကျာရင်ရှီ ဘူတာမှ ထွက်ပြီး တရုတ်-လာအိုရထားလမ်းတွင် ၂၆ နာရီ မောင်း၍ ဗီယင်ကျန်းသို့ ရောက်သည်။ ထိုနောက် ကားလမ်းဖြင့် ထိုင်းနိုင်ငံ လာလန်သို့ ထိရောက်ပြီးနောက် ရေလမ်းဖြင့် ရန်ကုန်သို့ ရောက်သည်။ ၎င်းလမ်းကြောင်းဖြင့် ပို့ဆောင်ခြင်းသည် ယခင်က ပုံမှန်ရေကြောင်းပို့ဆောင်ခြင်းထက် အချိန် ၅၀ ရာခိုင်နှုန်း လျော့နည်းသွားသည်။ ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်း လျော့နည်းသွားနိုင်သည်။
နောင်အနာဂတ်တွင် ကူမင်းသည် “လန်ချန်း-မဲခေါင်အမြန်လိုင်း” ဟူသော တရုတ်-လာအို-ထိုင်း-မြန်မာ ပုံစံမျိုးစုံ နိုင်ငံတကာ တွဲဖက်ပို့ဆောင်ရေးရထား ပုံမှန်လည်ပတ်ရန် ကြိုးစားမည်။ တွဲဖက်ပို့ဆောင်ရာတွင် ဖောင်တစ်စောင်တည်းသုံးစနစ်ကို အသုံးပြု၍ လမ်းကြောင်းတစ်ခုလုံးတွင် ဖောင်တစ်စောင်တည်းသာ သုံးမည်။ ဤသို့ဖြင့် တစ်ခါတည်း အော်ဒါချခြင်း၊ တစ်ခါတည်း ငွေကြေးရှင်းခြင်း၊ ကွန်တိန်နာတစ်ခုတည်းဖြင့် ပို့ခြင်းတို့ဖြင့် ကုန်ကျစရိတ် လျှော့ချစေနိုင်မည်။ ထို့ပြင် စမတ် ပို့ဆောင်ရေးပလက်ဖောင်းကို အသုံးပြု၍ ကုန်စည်ပို့ဆောင်ရေးအခြေအနေကို ကြီးကြပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အရေးပေါ်အရေးအနေ လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းရန် စွမ်းအားမြှင့်တင်နိုင်မည်။ လာအို ဗီယင်ကန်း၊ ထိုင်း လာလန်နှင့် မြန်မာပြည်က ရန်ကုန်တွင် ဂိုဒေါင်များကို တည်ဆောက်၍ “လမ်းကြောင်းစီးပွားရေး”မှ “ဒေသခံစီးပွားရေး”အဖြစ်သို့ ပြောင်းလဲမည်ဖြစ်သည်။