ဒီရေတောကာကွယ်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပ

CGTN, May 8, 2025
Size:

ဧပြီလ ၂၅ ရက်နေ့တွင် CITIC Myanmar နှင့် ကူမင်း ZHI GEN၊ Myanmar Environmental Restoration and Conservation Network (MERN)၊ မြန်မာ သဘာဝပတ်ဝန်းကျင်ပြန်လည်ကောင်းမွန်စေရေးနှင့် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် (MSN) နှင့် တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာကုမ္ပဏီ (CHEC) တို့သည် " စိမ်းလန်းသော မိတ်ဖက်များ အနာဂတ်ကို အတူမျှဝေခြင်း- စဉ်ဆက်မပြတ် ဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ပင်လယ်နှင့် ဂေဟစနစ်တည်ဆောက်ရေးကို မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် ဒီရေတောကာကွယ်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်းတို့ အပါအဝင် အဖွဲ့အစည်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။

အဖွဲ့လိုက်ဆွေးနွေးမှုအတွင်း ဧည့်သည်တော်များသည် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန်နှင့် သဘာဝဘေးအန္တရာယ်များကို ခုခံရန် ဒီရေတောများ၏ အရေးပါမှုကို အပြည့်အဝ လေ့လာစူးစမ်းခဲ့ကြပြီး သုတေသန ရလဒ်များနှင့် လက်တွေ့အတွေ့အကြုံများကို ဖလှယ်ခဲ့ကြကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီမှုကို ထပ်မံတည်ဆောက်ခဲ့ကြသည်။