မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသော ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများအား ဝန်ထမ်းများက သယ်ချပေးနေသည်ကို မေ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မေ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။
ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများတွင် အသင့်တပ်ဆင်ရန်နေအိမ် အလုံးရေ ၃၄၀ ပါဝင်ကြောင်း သိရသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် မေ ၂ ရက်အထိ သေဆုံးသူ ၃,၈၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၀၁ ဦး ရှိကြောင်း “The Global New Light of Myanmar” ၏ မေ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)