ထိုင်းနိုင်ငံသည် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေး ကုန်စည်ပြပွဲ၏ အဓိကဧည့်နိုင်ငံအဖြစ် ပါဝင်မည်

CGTN, May 7, 2025
Size:

ဧပြီလ ၂၈ရက်နေ့ကကျင်းပသော ကုန်သွယ်ရေးမြှင့်တင်ရေးအသင်း (CCPIT) ၏ သတင်းစာရှင်းလင်းပွဲတွင် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေး ကုန်စည်ပြပွဲ (CISCE) ၏ ပြင်ဆင်မှုအခြေအနေများကို မိတ်ဆက်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ယင်းပြပွဲ၏ အဓိကဧည့်နိုင်ငံအဖြစ် ပါဝင်မည်ဖြစ်ပါသည်။

ပြောရေးဆိုခွင့်ရှိသူက တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေး ကုန်စည်ပြပွဲအတွက် ပြင်ဆင်မှုများ ချောမွေ့စွာ လည်ပတ်နေကြောင်း၊ ကုန်သွယ်ရေးမြှင့်တင်ရေးအသင်းက ပြည်တွင်းပြည်ပတွင် မိတ်ဆက်ပွဲ ၄၆ ကြိမ်ကျင်းပပြီးဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံရေးနှင့် စီးပွားရေး ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင် ပရိသတ်များနှင့် ပြည်တွင်းပြည်ပမှ ကုမ္ပဏီများက ပြပွဲတွင်ပါဝင်ရန် အပြိုင်အဆိုင်လျှောက်ထားနေကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။