တရုတ်၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့မှ လူငယ်များ လန်ချန်း-မဲခေါင်ဒေသ နက်ရှိုင်းသောချစ်ကြည်ရေး အတူဆွေးနွေး

lmcchina.org, April 30, 2025
Size:

မကြာသေးမီက ၂၀၂၅ ခုနှစ် ကျန့်ယွမ် ခရိုင်နှင့် ဖူအော် ကောလိပ်တို့၏ တရုတ်နှင့် နိုင်ငံခြား လူငယ်ဖလှယ်ရေး ရက်သတ္တပတ်အစီအစဥ်ကို ဖူအော်မြို့ ကျန့်ယွမ် ယီ လူမျိုး၊ ဟာနီ လူမျိုး၊ လားဟူ လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ကျင်းပခဲ့သည်။ တရုတ်၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့မှ လူငယ်များသည် လည်ပတ်လေ့လာခြင်း၊  ဖလှယ်ခြင်းနှင့် ကိုယ်တိုင်ပါဝင်ခံစားခြင်းမှတစ်ဆင့် ကျန့်ယွမ်၏ ရောင်စုံယဉ်ကျေးမှု ဆွဲဆောင်မှုကို ခံစားကြသည်။

“ကျန့်ယွမ်ရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်၊ ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက သိပ်တန်ဖိုးရှိတယ်။ ဒီဇိုင်းဆွဲထားတဲ့ ယဥ်ကျေးမှုဆိုင်ရာ ဖန်တီးမှုထုတ်ကုန်များက ခေတ်ပေါ်တီထွင်ကြံဆမှုနဲ့ ရိုးရာကို ပေါင်းစပ်ထားတယ်။ သိပ်ကောင်းတယ်လို့ ကျွန်မ ထင်တယ်။ ရင်ထဲ ထိမိစေတဲ့ ကျန့်ယွမ်ရဲ့ ဇာတ်လမ်းများကို လူသိများလာအောင် ကျွန်မတို့ ဒီထုတ်ကုန်များကို ဗီယက်နမ်ကို ယူသွားမယ်”ဟု ဗီယက်နမ် ပညာတော်သင် ချိုက်ချင်းဟန်က ဝမ်းသာစွာ ပြောသည်။

လည်ပတ်ကြည့်ရှုခံစားမှုခရီးစဉ်အပြီးတွင် တရုတ်နှင့် နိုင်ငံခြားလူငယ်များသည် ၎င်းတို့၏ ကိုယ်စီကျွမ်းကျင်မှုနှင့် ဤတစ်ကြိမ် လေ့လာမှုရလဒ်များကို ပေါင်းစပ်ကာ ကျေးလက်ဒေသ ရှင်သန်ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စသောအကြောင်းအရာများကို ဗဟိုပြုပြီး အကြံပြုချက်များကို တက်ကြွစွာ တင်ပြခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ပညာတော်သင် လီတုန်းက ကျန့်ယွမ် ယဉ်ကျေးမှုကို ဖြန့်ဝေသူနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူလျှောက်လှမ်းသူအဖြစ် ကျန့်ယွမ်၏ လက်ဖက်၊ ကော်ဖီ စသည်တို့ကို ၎င်းပတ်ဝန်းကျင်ရှိမိသားစု၊ ကျောင်းနေဖက်များနှင့် သူငယ်ချင်းများအား သေချာပေါက် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အခွင့်ရရင် ကျနော်က ကျန့်ယွမ်ကို လာပြီး အလုပ်သင်လုပ်မယ်၊ ဒါမှမဟုတ် နေထိုင်မယ်။ ကျနော်ရဲ့ တစ်နိုင် ကြိုးပမ်းမှုနဲ့ ကျန့်ယွမ်ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီမယ်”ဟု ၎င်းက ပြောသည်။