တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီပေးသော နဝမအသုတ် ငလျင်ဘေး ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိပြီး လွှဲပြောင်းပေးအပ်

CGTN, April 29, 2025
Size:

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဧပြီလ ၂၆ရက်နေ့ထုတ်သတင်းအရ တရုတ် နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီပေးသော နဝမအသုတ် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်မြို့ရှိ ကျန်းမာရေး ဝန်ကြီးဌာန၏ ဗဟိုအအေးဂိုဒေါင်ထဲသို့   ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နဝမအသုတ် ကယ်ဆယ်ရေးပစ္စည်းများကို ၂ကြိမ်ခွဲပြီး ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး မေးခိုင် ကာကွယ်ဆေး ၆၈၀၀၀လုံး၊ အရွယ်ရောက်သူများအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး ၅၇၀၀၀၀လုံး နှင့် ကလေးများအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး ၇၇၉၁၀လုံး စသည်တို့ ပါဝင်ကြောင်း သတင်းရရှိပါသည်။