C909 လေယာဉ်သည် ဗီယက်နမ်တွင် စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်

CGTN, April 29, 2025
Size:

ဧပြီလ ၁၉ ရက်နေ့တွင် ချန်ဒူးလေကြောင်းမှ ဗီယက်ဂျက်လေကြောင်းသို့ ငှားရမ်းထားသော C909 လေယာဉ် ၂ စီးဖြင့် "ဟနွိုင်း-ကွန်ဒေါ-ဟိုချီမင်းမြို့" လေကြောင်းလိုင်းကို စတင်ပျံသန်းခဲ့ပါသည်။ ဒါဟာ တရုတ်နိုင်ငံထုတ် စီးပွားဖြစ်လေယာဉ်များက ဗီယက်နမ်တွင် စီးပွားရေးလုပ်ငန်းဖြစ် စတင်လည်ပတ်ခြင်းဖြစ်ပါသည်။

ယခုအချိန်ထိ အင်ဒိုနီးရှား လိုင်းယာလေကြောင်း၊ လာအိုလေကြောင်းနှင့် ဗီယက်နမ် ဗီယက်ဂျက်လေကြောင်းတို့အပါအဝင် နိုင်ငံခြားလေကြောင်း ၃ ခုသည် C909 လေယာဉ်များဖြင့် အရှေ့တောင်အာရှတွင် လေကြောင်းလိုင်း ၁၅ ခုကို ဖွင့်လှစ်ပြီး ခရီးသည် ၂.၅ သိန်းကျော်ကို သယ်ဆောင်ပေးခဲ့ပြီဖြစ်ပါသည်။