ယခုလ ၁၄ရက်နေ့မှ ၁၈ရက်နေ့ အထိ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင် အာရှ ၃နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်ခဲ့သည်။
ယနေ့ခေတ်တွင် တရုတ် နိုင်ငံ အပါအဝင် အာရှတိုက်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှု၊ ခေတ်၏ပြောင်းလဲမှုနှင့် သမိုင်းဝင် ပြောင်းလဲမှုများကို ရင်ဆိုင်နေရသည်။ တရုတ် နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ ရှုထောင့်မှနေ အနီးပတ်ဝန်းကျင်ကို ရှုမြင်ခြင်း ဖြစ်သည်။ ဗိုလ်ကျစိုးမိုးမှု အာဏာသည် နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို ဖျက်ဆီးနေသည်။ နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြား နိုင်ငံများကို မည်သို့ သဘောထား သင့်သနည်း၊ မည်သို့ ပေါင်းသင်းဆက်ဆံ သင့်သနည်း ဆိုသည်မှာ နိုင်ငံတကာ ဆက်ဆံရေးတွင် အဓိက ကြုံတွေ့နေရသော ပြဿနာ ဖြစ်လာသည်။ အိမ်နီးချင်း နိုင်ငံ များစွာ ရှိသော နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် တရုတ် နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် မည်သို့ ပေါင်းသင်းဆက်ဆံမည်နည်း။
တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒတို့သည် ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို ထိခိုက်ပြီး ကမ္ဘာ့ စီးပွားရေး စည်းစနစ်ကို ဖျက်ဆီးနေသည်။ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေး အုပ်စုနှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတဲ့ အင်ဂျင် ဖြစ်သည့် အနေဖြင့် တရုတ် နိုင်ငံသည် ယင်းအခြေအနေမျိုးကို မည်သို့ ရင်ဆိုင်မည်နည်း။
ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများသည် “နိုးကြားလာသော ခေတ်ကာလ”သို့ ဝင်ရောက် နေပြီ ဖြစ်သည်။ ကမ္ဘာကြီးသည် ဘက်ပေါင်းစုံတိုးတက်ခြင်းဖြင့် ခေတ်ရေစီးကြောင်းလည်း အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ ယဉ်ကျေးမှုနှင့် သမိုင်းသက်တမ်း နှစ်ပေါင်း ၅၀၀၀ ရှိသော အရှေ့တိုင်း နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် တရုတ်နိုင်ငံသည် ယင်းခေတ်ရေစီးကြောင်း နှင့် လိုက်လျောညီထွေအောင် မည်သို့ ဆောင်ရွက်မည်နည်း။
သမ္မတ ရှီကျင့်ဖိန်၏ အရှေ့တောင် အာရှ ၃နိုင်ငံ ခရီးစဉ်သည် ယင်းမေးခွန်းများ အတွက် အဖြေများကို ပေးအပ်ခြင်း ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများနှင့် ပေါင်းသင်းဆက်ဆံရေး နည်းလမ်းနှင့် ပတ်သက်၍ အနာဂတ်ကို ဖွင့်လှစ်ဖန်တီးရန် သမိုင်းမှ ဉာဏ်ပညာနှင့် အင်အားများကို ရယူမည်။ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းနှင့် ပတ်သက်၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်။ ယဉ်ကျေးမှု ဆိုင်ရာနှင့် ပတ်သက်၍ အရှေ့တိုင်း ဉာဏ်ပညာဖြင့် ကမ္ဘာ့ကို အသိဉာဏ် ဖွင့်ပေးမည် ဖြစ်သည်။