ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ကမ္ဘောဒီးယား ဘုရင် သီဟာမိုနီနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့သည် ဖနွမ်းပင် နန်းတော်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကမ္ဘောဒီးယား ချစ်ကြည်ရေး သမိုင်းစဉ်သည် နှစ်ထောင်ချီ ရှိကာ နှစ်နိုင်ငံ ပြည်သူများသည်လည်း အစဉ်တစိုက် အပြန်အလှန် ဖေးမ ထောက်ခံခဲ့ကြကြောင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲ စေကာမူ တရုတ်နှင့် ကမ္ဘောဒီးယား တို့သည် သစ္စာနှင့် တရားမျှတမှုကို အမြဲ စွဲကိုင်ပြီး အပြန် အလှန် အားပေး ကူးညီကြကာ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားများနှင့် အရေးကြီး ကိစ္စရပ်များ ပေါ်တွင် တစ်လျှောက်လုံး ပြတ်ပြတ်သားသား အပြန်အလှန် ထောက်ခံ နေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဘုရင်သီဟာမိုနီက ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် တည်ထောင် မွေးထုတ်ခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက်တို့၏ လက်တွဲ ကြိုးပမ်းမှုဖြင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် တိုးမြင့် လာပြီး ကံကြမ္မာတူ အသိုက်အဝန်းသည် အဆက်မပြတ် နက်ရှိုင်းလာကြောင်း ပြောကြား ခဲ့ပါသည်။