Let’s Go, GZ!လန်ချန်း-မဲခေါင် လူငယ်များ ပရဟိတခရီးအစီအစဥ် ကွမ်ကျိုးမြို့တွင် ကျင်းပ

lmcchina.org, April 25, 2025
Size:

မကြာသေးမီက “Let's GO, GZ!ဆွဲဆောင်မှုများနှင့် ကွမ်ဖူ” လန်ချန်း-မဲခေါင် လူငယ်များ ပရဟိတခရီးအစီအစဥ် ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့သည်။ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ လူငယ်ဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသား ၄၀ နီးပါးသည် ကွမ်ကျိုးမြို့ရှိ Shisanhang ပြတိုက်၊ Baietan Greater Bay Area Art Center နှင့် အခြားနေရာများသို့ သွားရောက်လှည့်လည်ကြည့်ရှုခြင်းဖြင့် ကွမ်ဖူယဥ်ကျေးမှုအပေါ် နားလည်မှုနှင့် လက်ခံမှု တိုးမြှင့်လာသည်။

ကွမ်ကျိုးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဗီယက်နမ်ပညာတော်သင် ဖန်းယွဲ့ယဉ်က ”ဒီနေ့ သွားခဲ့တဲ့နေရာတိုင်းမှာ အံ့သြစရာများ ရှိတယ်၊ အထူးသဖြင့် ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေနဲ့ သူတို့ရဲ့နောက်ခံအကြောင်းကို သိရတဲ့အခါမှာ ဒါတွေဟာ စာအုပ်ထဲက မတွေ့ဖူးတဲ့အရာပါ။ တရုတ်စာသင်တာက ဝါကျပုံစံတွေနဲ့  ဖလှယ်ဖို့ပဲ မဟုတ်ဘူး။ တရုတ်နိုင်ငံနဲ့ ကျမတို့ နေထိုင်တဲ့ကွမ်ကျိုးမြို့ကိုလည်း ပိုမို သိမြင်နားလည်ဖို့ လိုတယ်”ဟု ပြောသည်။

ယခုနှစ် မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိသည် အဋ္ဌမအကြိမ်မြောက် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်” ဖြစ်သည်။ အစီအစဥ်တွင် ပါဝင်သည့် လန်ချန်း-မဲခေါင် လူငယ်များအနက် မီးရထားနည်းပညာကို လေ့လာရန် ကွမ်ကျိုးမြို့သို့ လာရောက်ကြပြီး တရုတ်-လာအို မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်လိုသည့် လာအို ကျောင်းသားကျောင်းသူများလည်း ရှိသလို နိုင်ငံတကာ တရုတ်ဘာသာစကားကို သင်ယူကာ  မိမိနိုင်ငံသို့ ပြန်ပြီး တရုတ်စာနှင့် တရုတ်ယဉ်ကျေးမှုကို သင်ကြားလိုသော ဗီယက်နမ်ကျောင်းသားကျောင်းသူများလည်း ရှိသည်။ အဆိုပါအစီအစဥ်သည် ပညာတော်သင်များအတွက် ကွမ်ဖူယဉ်ကျေးမှုကို ပိုမိုနားလည်ပြီး ကွမ်ဖူနေထိုင်မှုဘဝတွင် ပိုမိုပေါင်းစည်းနိုင်စေရန်၊ လန်ချန်း-မဲခေါင်ဒေသ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပေါင်းစည်းမှုတွင် အားသစ်များ ဖြည့်တင်းရန် ရည်ရွယ်ပါသည်။