ဧပြီလ ၁၇ ရက်နေ့က China Media Group မှ ထုတ်လုပ်သော “ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္တဝင်စာသားများ” (ကမ္ဘောဒီးယားဗားရှင်း) စတင်ထုတ်လွှင့်မှု အခမ်း အနားကို ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့ရာ ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌ၊ အထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် သည် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ပြီး အစီအစဉ် ထုတ်လွှင့်မှုအပေါ် ဂုဏ်ပြု ထောမနာပြုခဲ့ပါသည်။ ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် မီဒီယာစသည့် နယ်ပယ်များမှ နာမည်ကျော် ပုဂ္ဂိုလ်များ အပါအဝင် ဧည့်သည်တော် ၂၀၀ ခန့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ဟွန်ဆန် ၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံ ခေါင်းဆောင် များ၏ ဂရုစိုက်မှုနှင့် တွန်းအားပေးမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းဝင် အကောင်းဆုံးသောအချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ China Media Group မှ ထုတ်လုပ်သော“ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္တဝင်စာသားများ” (ကမ္ဘောဒီးယား ဗားရှင်း)ကို အောင်မြင်စွာ ထုတ်လွှင့်နိုင်ခြင်းဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန် သိရှိ နားလည် မှုနှင့် ခင်မင်ရင်းနှီးမှုအတွက် နက်ရှိုင်းပြီး ရေရှည်တည်တံ့သော ယဉ်ကျေးမှုစွမ်းအားကို ထည့်သွင်း ပေးရန်နှင့် တစ်ကမ္ဘာလုံး အတူတကွရင်ဆိုင်နေရသော ပြဿာနာ များကို ကိုင်တွယ်ဖြေရှင်းဖို့ အသိဉာဏ်ဖွင့်ပေးရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Neth Pheaktra ၊ ကမ္ဘောဒီးယား ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန ဝန်ကြီး Phoeurng Sackona ၊ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Huot Hak နှင့် ကမ္ဘောဒီးယားဘုရင့်အကယ်ဒမီအသင်း ဥက္ကဋ္ဌ Sok Touch တို့သည် အခမ်းအနားတွင် မိန့်ခွန်း အသီးသီး ပြောကြားခဲ့ကြ ပါသည်။ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ပင် ကလည်း အခမ်းအနားတွင် ဗီဒီယို ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။