ဗီယက်နမ်၏ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များသည် တရုတ်-ဗီယက်နမ် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်သစ်များရရှိရန် မျှော်လင့်

CGTN, April 24, 2025
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလ ၁၄ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ တရား၀င်ခရီး လည့်လည်နေပါသည်။ ဗီယက်နမ် နိုင်ငံ၏ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ က သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ၇၅ နှစ်မြောက် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်မှုသည် အလွန် အရေးကြီးပါကြောင်း၊ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်အား ဆိုရှယ်လစ်ခေတ်မီရေး တည်ဆောက်မှု လမ်းကြောင်းပေါ်တွင် အပြန်အလှန် ကူညီထောက်ပံ့၍ လက်တွဲ ချီတက်ပြီး၊ မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးတွင် သစ်လွင်သော ရလဒ်များ ရရှိစေဖို့ တွန်းအားပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

      ဗီယက်နမ် နိုင်ငံ ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Nguyen Vinh Quang က နှစ်နိုင်ငံနှင့် နှစ်ပါတီသည်  အခု အကြိမ် တရား၀င်ခရီးလည့်လည်ခြင်းကို အခွင့်အလမ်း အဖြစ် မှတ်ယူပြီး အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသစ်များ ရှာဖွေရန်နှင့် မဟာ ဗျူဟာအရ အရေးပါသည့် ဗီယက်နမ်-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုကို အဆင့်သစ်သို့ ရောက်ရှိနိုင်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။