ဧပြီလ ၁၇ ရက်နေ့က China Media Group ၊ ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးဌာန၊ ကမ္ဘောဒီးယား ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ကမ္ဘောဒီးယား ဘုရင့်အကယ်ဒမီအသင်းတို့ ပူးတွဲဦးစီးကျင်းပသော တရုတ်-ကမ္ဘောဒီးယား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကို ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့ ပါသည်။ တရုတ်-ကမ္ဘောဒီးယား မီဒီယာမိတ်ဖက်စနစ်စတင်ပြီး တရုတ်-ကမ္ဘောဒီးယား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန်သင်ယူလေ့လာရေးဆိုင်ရာ အစီအစဉ်များ စတင် ထုတ်လွှင့်ကာ ၁၀ ကြိမ်မြောက် လဟာပြင် ရုပ်ရှင်ပြသမှုစတင်ပြီး China Media Group မှ ကမ္ဘောဒီးယား အစိုးရအဖွဲ့အစည်းများ၊ မီဒီယာများနှင့် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ ခဲ့ပါသည်။ ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် မီဒီယာစသည့် နယ်ပယ်များမှ နာမည်ကျော် ပုဂ္ဂိုလ်များအပါအဝင် ဧည့်သည်တော် ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။
ဟွန်ဆန် ၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေး သည် သမိုင်းနှင့် အချိန်၏ စမ်းသပ်မှုများကို ခံနိုင်ရည်ရှိပြီး တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံ၏ အယုံကြည်ရဆုံးသော မိတ်ဆွေ ဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးမှာ နှစ်နိုင်ငံ ပြည်သူများ အတွက် ပေါင်းကူးတံတား ဖြစ်ပြီး “တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး အသံလွှင့် ဌာန”ကို ကိုယ်စားပြုသော ကမ္ဘောဒီးယား-တရုတ်မီဒီယာပူးပေါင်းဆောင်ရွက်မှု တွင် ကြီးမားသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ခြင်းကို ဝမ်းမြောက်ဝမ်းသာစွာ တွေ့မြင်နိုင် ကြောင်း၊ ယနေ့ လှုပ်ရှားမှုဖြင့် ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံအကြား သိရှိနားလည်မှုနှင့် ယုံကြည်မှု တိုးပွားစေရန် ပေါင်းကူးတံတား ထပ်မံဖြစ်လာပြီး ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ယုံကြည်ပါကြောင်း ဖော်ပြ ထားပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်၊ ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Neth Pheaktra ၊ ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန ဝန်ကြီး Phoeurng Sackona ၊ ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Huot Hak နှင့် ကမ္ဘောဒီးယား ဘုရင့် အကယ်ဒမီအသင်း ဥက္ကဋ္ဌ Sok Touch တို့သည် အခမ်းအနားတွင် မိန့်ခွန်းအသီးသီး ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ပင် သည်လည်း အခမ်းအနားအတွင်း ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။