ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် တွေ့ဆုံဆွေးနွေး

CGTN, April 22, 2025
Size:

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဌာနချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှီကျင့်ဖိန်က နှစ်နိုင်ငံသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို  လျှောက်လှမ်းရန် လက်တွဲ ဆောင်ရွက်ပြီး လူဦးရေ ၁.၅ ဘီလီယံကျော် ခေတ်မီတိုးတက်ရေးဆီသို့ အတူတကွ လျှောက်လှမ်းသွားခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ထိန်းသိမ်းကာ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးသည် တံခါးဖွင့်ရေးကို စွဲကိုင်ကြပြီး ဒေသတွင်း ထုတ်လုပ်မှုကွင်းဆက်များနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ တည်ငြိမ်မှုနှင့် ချောမွေ့စွာ လည်ပတ်မှုကို ထိန်းသိမ်းကာ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ရေးကို မြှင့်တင်ရာတွင် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားသည်။

To Lam က ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ နိုင်ငံစုံဝါဒကို စွဲကိုင်ရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို လိုက်နာရန်၊ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းများကို ထိန်းသိမ်းရန်၊ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားသော သဘော တူညီချက်များကို လိုက်နာရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားများ တိုးတက်ရေးကို မြှင့်တင်ရာတွင် ပိုမိုကြီးမားသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ၊ဗီယက်နမ်သည် တရုတ်နိုင်ငံနှင့် ပင်လယ်ရေးရာ သဘောကွဲလွဲမှုများကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် ပင်လယ်ရေးရာ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။