ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင် နှင့် ဖနွမ်းပင်မြို့တွင် တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ သာမက သံမဏိကဲ့သို့ ခိုင်မာသော မိတ်ဆွေကောင်းများလည်း ဖြစ်ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးသည် သမိုင်း၏ ရွေးချယ်မှု သာမက ပြည်သူများ၏ ရွေးချယ်မှုလည်း ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ပြည်သူ့ ပါတီက ကမ္ဘောဒီးယား ပြည်သူများကို ဦးဆောင်ပြီး နိုင်ငံတည်ငြိမ်ရေးနှင့် စီးပွားရေး တိုးတက်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံက အစဉ်အမြဲ ထောက်ခံမည်ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံအား ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပိုမို အရေးပါသော အခန်း ကဏ္ဍတွင် ပါဝင်ရန် ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
ဟွန်ဆင် က ကုန်သွယ်ရေး စစ်ပွဲများနှင့် အကောက်ခွန် စစ်ပွဲသည် နိုင်ငံအသီးသီး၏ တရားမျှတသော အကျိုးစီးပွားကို ထိခိုက်စေပြီး နိုင်ငံတကာ အခြေအနေများကို မတည်မငြိမ် ဖြစ်စေ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စိန်ခေါ်မှုအမျိုးမျိူးကို လက်တွဲ ရင် ဆိုင် ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။