၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ရက်သတ္တပတ်ကာလတွင် လန်ချန်း-မဲခေါင်ဒေသ ဆင်နှင့် လူ သင့်မြတ်စွာနေထိုင်ရေး နည်းပညာနှင့် စီမံခန့်ခွဲရေးပုံစံ သုတေသနဆွေးနွေးပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသည်။ ဆွေးနွေးပွဲတွင် တရုတ်၊ ကမ္ဘောဒီးယာား၊ လာအို စသောနိုင်ငံများမှ ကိုယ်စားလှယ်များသည် ဒေသချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ အောင်မြင်မှု ရှိသော သုတေသနလေ့လာရေးရလဒ် ရရှိနိုင်ရန်၊ အာရှဆင်အုပ်စု ကာကွယ်ရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ထား၍ အာရှဆင် ကာကွယ်ရေးနှင့် သုတေသနပြုရေး ပူးပေါင်းဆောင်ရွက်မှုစင်တာကို အတူတကွ ထူထောင်လာကြသည်။
လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် အာရှဆင် အဓိကနေထိုင်သောဒေသ ဖြစ်ပြီး တောမွေးဆင်ပမာဏသည် ကောင်ရေ ၆၄၀၀-၇၉၀၀ ရှိ၍ ကမ္ဘာလုံးရှိ တောမွေးဆင် စုစုပေါင်းပမာဏ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိသည်။ အထက်ပါဆွေးနွေးပွဲတွင် တရုတ်၊ ကမ္ဘောဒီးယာား၊ လာအို စသောနိုင်ငံများမှ ကိုယ်စားလှယ်များသည် လန်ချန်း-မဲခေါင်ဒေသ အာရှဆင် ကာကွယ်ရေးနှင့် ရပ်ကွက် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးဖလှယ်ပြီး အရေးကြီးသော သဘောတူညီချက်များလည်း ရရှိလာကြသည်။ ဆက်လက်ပြီး လန်ချန်း-မဲခေါင်နိုင်ငံများသည် အာရှဆင် ကာကွယ်ရေးလုပ်ငန်းတွင် နည်းပညာ မျှဝေခြင်း၊ စွမ်းဆောင်ရည် ထူထောင်ခြင်းနှင့် မူဝါဒ ညှိနှိုင်းခြင်း၊ ကြာရှည်ပြီး တည်ငြိမ်သော ကာကွယ်ရေးနှင့် ညှိနှိုင်းရေးစနစ်ကို ထူထောင်ခြင်းလုပ်ငန်းတို့တွင် တွန်းအားပေးမည်ဖြစ်ပြီး လူနှင့် ဆင် သင့်မြတ်စွာ အတူနေထိုင်သော ဒေသတွင်း ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ရောက်နိုင်အောင် အတုယူလို့ရသော၊ မျှဝေလို့ရသော နည်းပညာနှင့် စီမံခန့်ခွဲရေးပုံစံ ရရှိအောင် အတူလေ့လာရမည်။
ယခုနှစ်များတွင် တရုတ်နိုင်ငံသည် အာရှဆင် ကာကွယ်ရေးလုပ်ငန်းကို ပိုမို အင်အားစိုက်ပြီး လုပ်ဆောင်လာ၍ မူဝါဒအာမခံ ပိုပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပိုပြုခြင်း၊ ဆင်များ နေထိုင်သောဒေသ ကာကွယ်ခြင်းနှင့် ဂေဟဗေဒလမ်းကြောင်း ထူထောင်ခြင်း၊ နိုင်ငံတော် အာရှဆင် ဥယျာဉ် ထူထောင်ခြင်း၊ ဆင်အုပ်စုကို ကြီးကြပ်ရေးနှင့် သတိပေးရေးစနစ် ထူထောင်ခြင်း၊ တောမွေးဆင်ပမာဏ တိုးများလာစေခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။ ယခု တရုတ်နိုင်ငံ၏ တောမွေးအာရှဆင်ပမာဏသည် ကောင်ရေ ၃၀၀ ကျော်အထိ တိုးများလာပြီ။