ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် To Lam ၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ Luong Cuong တို့၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၁၄ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ ဘုရင် Sultan Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni တို့၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၁၅ ရက်မှ ၁၈ ရက်အထိ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အား နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)