တရုတ်နိုင်ငံအစိုးရက ကူညီပေးသည့် ဆဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

Xinhua, April 18, 2025
Size:

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံကို ထောက်ပံ့ပေးသော ဆဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများ ဒေသစံတော်ချိန် ဧပြီ ၁၁ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ဆဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပစ္စည်းများသည် ဧပြီ ၁၁ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ဆဋ္ဌမအသုတ် အကူအညီပစ္စည်းများတွင် ရွက်ဖျင်တဲ ၂၆ လုံး၊ တစ်ကိုယ်ရေသုံး ပြင်ပတွင် ချက်ပြုတ်နိုင်သောပစ္စည်း အစုံ ၂,၀၀၀၊ ဆိုလာစွမ်းအင်သုံး စာကြည့်မီးအိမ် ၁၀,၀၀၀ လုံး၊ ဆပ်ပြာ ၃၈,၈၈၀ တုံး၊ ရေချိုးဆပ်ပြာရည် ၃၈,၈၈၀ ဘူး၊ ခေါင်းလျှော်ရည် ၃၈,၈၈၀ ဘူး၊ သွားတိုက်ဆေး ၃၈,၈၈၀ ဘူး၊ သွားတိုက်တံ ၃၈,၈၈၀ ချောင်း၊ ဆပ်ပြာမှုန့် ၃၈,၈၈၀ အိတ် ပါဝင်ပြီး စုစုပေါင်းအလေးချိန် ၉၁ တန်ကျော်ရှိကြောင်း သိရသည်။ (Xinhua)

1  2  3  4  5  6  >