မကြာမီက တရုတ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး စွန်ဘွန်သည် China Media Group ၏ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြားရာတွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုကို ရှာကြံနေသော နိုင်ငံအားလုံးအတွက် စံနမူနာကို ဖန်တီးပေးနေကြောင်း ပြောကြားခဲ့ပါသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် စာချုပ်ချုပ်ဆိုပြီး တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ပူးတွဲ တည်ဆောက်ပါသည်။ ယင်းသည် တရုတ်နှင့် အာဆီယံနိုင်ငံအကြား ချုပ်ဆိုခဲ့သည့် ပထမဆုံးသော AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ဖြစ်ပါသည်။ သံအမတ်ကြီး စွန်ဘွန်က AIနှင့် စွမ်းအင်သစ် နည်းပညာ စသည့်နယ်ပယ်များတွင် တရုတ်နိုင်ငံက ရှေ့ပြေးနေရာ၌ တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် လူကို အရင်းခံ အဖြစ်ထားပြီး AIနည်းပညာကို လူသားများ၏ ချမ်းသာသုခများအတွက် ဖော်ထုတ် အသုံးပြုခြင်း ဟူသော အတွေးအခေါ်ဖြင့် AIနည်းပညာကို စီမံ ဖွံ့ဖြိုးတိုးတက်နေကာ ယင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် လူသားတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာ မြှင့်တင်ပေးမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။