မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၆ ရက်တွင် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ တရုတ်ကယ်ဆယ်ရေးအဖွဲ့စခန်း၌ တရုတ်ကယ်ဆယ်ရေးအဖွဲ့များအား တွေ့ဆုံအားပေးနေစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၆ ရက် ညနေပိုင်းတွင် မန္တလေးမြို့ရှိ တရုတ်ကယ်ဆယ်ရေးအဖွဲ့များစခန်းသို့ သွားရောက်၍ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ဝင်အားလုံးကို သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်ကာ အစွမ်းကုန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ကယ်ဆယ်ရေးအဖွဲ့များ ခရီးဝေးမှလာရောက်၍ ပံ့ပိုးကူညီပေးမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်ကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်မှုပင်ဖြစ်ကြောင်း၊ တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် ပြည့်ဝသော နိုင်ငံဖြတ်ကျော် ရှာဖွေကယ်ဆယ်ရေး အတွေ့အကြုံများရှိကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ညှိနှိုင်းမှုများ အားဖြည့်ကာ အရေးပေါ် ကယ်ဆယ်ရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေး ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံအားပေးမှုတွင် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ကောင်းဖိန်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ဧပြီ ၆ ရက်အထိ တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် မြန်မာနိုင်ငံ၌ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၉ ဦး ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)