၂၀၂၅ “လန်ချန်း-မဲခေါင် ရက်သတ္တပတ်” တရုတ်-လာအို မီးရထားလမ်း ပြည်သူချင်း စိတ်ချင်းဆက်နွယ်ရေးအစီအစဉ်များ လာအိုနိုင်ငံတွင် ကျင်းပ

lmcchina.org, April 11, 2025
Size:

၂၀၂၅ “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”၏ ”လန်ချန်း-မဲခေါင် မီးရထားလမ်းအကြောင်း ဆွေးနွေးခြင်းနှင့် မှော်ဆန်သောမြို့တော်နှင့် ရှေးဟောင်းမြို့တော်လက်တွဲခြင်း”အစီအစဉ်များကို မကြာသေးမီက လာအိုနိုင်ငံ လွမ်ပရာဘွမ်မြို့တွင်  စတင်ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်များသည် “မီးရထားလမ်း အပြန်အလှန် ချိတ်ဆက်မှု၊ ပြည်သူချင်းစိတ်ချင်းဆက်နွယ်မှု” ဟူသောခေါင်းစဥ်ဖြင့် အလွှာမျိုးစုံ ဆွေးနွေးခြင်း၊ ယဥ်ကျေးမှု ပေါင်းစည်းပြီး လက်တွေ့ဆောင်ရွက်ခြင်းဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အောက်တွင် တရုတ်-လာအိုနှစ်နိုင်ငံကြားရှိ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုနှင့် လူချင်းစိတ်ဆက်နွယ်မှုကို ဖော်ပြသည်။

အဆိုပါအစီအစဉ်များကို ရှန်ဟိုင်းအသုံးချနည်းပညာတက္ကသိုလ်နှင့် လာအိုဆူဖနွန်ဖုန်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ လာအိုနိုင်ငံ လွမ်ပရာဘွမ်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် လွမ်ပရာဘွမ်မြို့တော်ဝန် ဝန်တုံးက လာအို-တရုတ် မီးရထားလမ်း ဖွင့်လှစ်ပြီးသည့်အချိန်မှစ၍ လွမ်ပရာဘမ်ဘွမ်နှင့် ရှန်ဟိုင်း၏ ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြား နီးကပ်လာကြောင်း ၎င်း၏အမှာစကားတွင် ပြောကြားခဲ့သည်။ လာအို ပညာတော်သင် ကျောင်းသားနှစ်သုတ်သည် မီးရထားနည်းပညာကို လေ့လာရန် ရှန်ဟိုင်းမြို့သို့ သွားရောက်ခဲ့ကြပြီး ပညာတတ်မြောက်ပြန်လာပြီးနောက် လာအို-တရုတ် မီးရထားလမ်း တည်ဆောက်ရေး ပင်မအင်အား ဖြစ်လာခဲ့ကြောင်း၊ ဤရထားလမ်းသည် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ယူဆောင်လာပေးရုံသာမက နှစ်နိုင်ငံမှ ပြည်သူချင်း ပို၍ နီးကပ်စေကြောင်း ၎င်းက ပြောကြားသည်။

လွမ်ပရာဘွမ်မြို့ရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ကျန်းရှဲ့ဖိန်က တရုတ်-လာအို မီးရထားလမ်းသည် ဖွံ့ဖြိုးတိုးတက်ရေးလမ်း၊ ချစ်ကြည်ရေးလမ်း ဖြစ်သလို လူရည်ချွန်မွေးထုတ်သော ပေါင်းကူးတံတားလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ၊ မြို့နှစ်မြို့နှင့် ကျောင်းနှစ်ကျောင်းတို့အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-လာအို မီးရထားလမ်းနှင့် လာအိုနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာလူရည်ချွန်များကို ပိုမိုပြုစုပျိုးထောင်ပေးမည်ဖြစ်ကြောင်း၊ တရုတ်-လာအိုနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ပိုမို နက်ရှိုင်းစေမည် ဖြစ်ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ တွန်းအားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုအကြိမ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်"အစီအစဉ်များသည် “မီးရထားလမ်း+”ပုံစံဖြင့် သမိုင်းဝင် ယဉ်ကျေးမှု ဗိသုကာပြပွဲများ၊ မီးရထားလမ်း အပြန်အလှန် ဆက်သွယ်မှုနှင့် အရပ်ဘက် အသိပညာပေး ဆန်းသစ်တီထွင်မှု ဒီဇိုင်းရေးဆွဲခြင်း၊ ပုံပြင်အကြောင်းအရာ ရှာဖွေခြင်း၊ လူငယ် ဆွေးနွေးပွဲနှင့် "လန်ချန်း-မဲခေါင် မီးရထားလမ်းကို ရှာဖွေခြင်း” စူးစမ်းလေ့လာလက်တွေ့ဆောင်ရွက်မှုအပါအဝင် လူငယ်များအတွက် ဖလှယ်ရေးအစီအစဥ်များကို ဖန်တီးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။