မတ်လ ၂၈ ရက်နေ့က ဘိုအော် အာရှ ဖိုရမ် ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပပြီးစီးခဲ့ပါတယ်။ လေးရက်ကြာ အချိန်ကာလအတွင်း နိုင်ငံနဲ့ဒေသ ၆၀ ကျော်မှ ကိုယ်စားလှယ် ၂၀၀၀ တို့ဟာ "ပြောင်းလဲနေသော ကမ္ဘာ့ အခြေအနေတွင် အာရှ၏ အနာဂတ်ရေးကို လက်တွဲ ဖန်တီးခြင်း" ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး နက်နက်ရှိုင်းရှိုင်း အမြင်ချင်းများ ဖလှယ်ခဲ့ကြပါတယ်။
ယခုနှစ်ဟာ တရုတ်နိုင်ငံက အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန် အဆိုပြုချက်ကို ဖော်ပြခဲ့တဲ့ ၁၀ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း နိုင်ငံတကာ စီးပွားရေးမှာ အာရှစီးပွားရေး၏ အချိုးအစားဟာ တည်ငြိမ်စွာ တိုးလာနေခဲ့ပါတယ်။ ဖိုရမ်မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ အာရှ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၄.၅ ရာခိုင်နှုန်း ရှိမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်ရဲ့ ၄.၄ ရာခိုင်နှုန်းထက် ပိုမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာ နိုင်ငံတကာမှာ အာရှ စီးပွားရေးအုပ်စုများရဲ့ GDPစုစုပေါင်း ပမာဏ အချိုးအစားဟာလည်း ၂၀၂၄ ခုနှစ်က ၄၈.၁ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၅ ခုနှစ်က ၄၈.၆ ရာခိုင်နှုန်းသို့ မြင့်တက်သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကမ္ဘာကြီးရဲ့ မသေချာ မရေရာမှုများ တိုးလာနေပေမယ့် အာရှတိုက်ဟာ ကမ္ဘာကြီး ဖွံ့ဖြိုး တိုးတက်မှုရဲ့ "တွန်းအားအရင်းအမြစ်"နဲ့ "တည်ငြိမ်ဖွယ်ရာ" ဆက်လက် ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဖိုရမ် တက်ရောက်သူများက "တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အားကောင်းသော ခိုင်ခံ့မှုနဲ့ အလားအလာ ရှိပါတယ်"၊ "တရုတ်နိုင်ငံဟာ အရည်အချင်းမြင့် တံခါးဖွင့်ရေးကို ဆက်တိုက် တိုးချဲ့နေတယ် "၊ "တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှု စည်းစနစ်၊ လူ့စွမ်းအား အရင်းအမြစ်နဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အားသာချက်တွေ ရှိပါတယ်" စတာတွေကို သုံးသပ်ဖော်ပြ ခဲ့ကြပါတယ်။ ဖိုရမ် တက်ရောက်သူ အမြောက်အမြားကလည်း တရုတ်နိုင်ငံမှာ အတိုင်းအတာ လွန်စွာ ကြီးမားတဲ့ စျေးကွက်များ ရှိရုံသာမက အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တု အစရှိတဲ့ စွမ်းဆောင်ရည်သစ်လည်း ရှိတယ်လို့လည်း ချီးကျူးခဲ့ကြတယ်။ သက်ဆိုင်ရာ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ PCT နိုင်ငံတကာ မူပိုင်ခွင့်ဆိုင်ရာ လျှောက်ထားချက် ပမာဏဟာ ၇ သောင်းကျော် ရှိပြီး နိုင်ငံတကာ စုစုပေါင်းပမာဏရဲ့ ၄ ပုံ ၁ ပုံ ဖြစ်ကာ နိုင်ငံတကာမှာ ဆန်းသစ်တီထွင်မှု ကိန်းညွှန်းဟာလည်း ၁၁ နေရာသို့ မြင့်တက်လာခဲ့ပါတယ်။
တံခါးဖွင့်ရေးကို ဆက်တိုက် ပြုလုပ်နေသော တရုတ်နိုင်ငံဟာ ရှုပ်ထွေးပွေလီ ဖြစ်နေတဲ့ ကမ္ဘာကြီး အတွက် တည်ငြိမ်မှုများကို အဆက်မပြတ် ထည့်သွင်းပေးမှာ ဖြစ်ပြီး တရုတ်နိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ အကောင်းဆုံးနေရာ ဖြစ်မြဲ ဖြစ်သွားမှာ ဖြစ်ကြောင်း China Media Group၏ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။