တတိယအသုတ်အနေဖြင့် တရုတ်အစိုးရမှပေးပို့သည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

CGTN, April 11, 2025
Size:

ဒေသစံတော်ချိန် ဧပြီလ ၅ ရက်နေ့ ၁၂ နာရီ ၁၅ မိနစ်တွင် မြန်မာနိုင်ငံသို့ တတိယအသုတ်အနေဖြင့် တရုတ်အစိုးရမှပေးပို့သော အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ သံမှူး အိုးယမ်တော့ပင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်သို့ သွားရောက် ကြိုဆိုခဲ့ကြပါသည်။

ယခုအကြိမ် တတိယအသုတ်ထောက်ပံ့ရေးပစ္စည်းများတွင် ရေဆိုးသန့်စင်စက် ၁၀၄၈ စုံ၊ ခြင်ထောင် ၁၀၀၀၀ လုံး၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ အိတ် ၁၅၀၀၀ နှင့် ရွက်ဖျင်တဲကြီး ၄၀၀ တို့ ပါဝင်ပြီး ၅ ရက်နေ့တွင် သဘာဝဘေးသင့်ဒေသသို့ ပို့ဆောင်ပေးခဲ့ပါသည်။