မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia သည် နေပြည်တော်၏ ငလျင်ဘေး အခြေအနေများကို သွားရောက်ကြည့်ရှု

CGTN, April 10, 2025
Size:

ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia သည် မြန်မာနိုင်ငံ နေပြည်တော်၏ ငလျင်ဘေးအခြေအနေကို သွားရောက်ကြည့်ရှုပြီး နေပြည်တော်တွင် ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့အား တွေ့ဆုံ နှစ်သိမ့်ခဲ့ပါသည်။

    သံအမတ်ကြီး Ms.Ma Jia သည် နေပြည်တော်တွင် မြန်မာနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် အသီးသီး တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ဘေးသင့်အခြေအနေနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး အခြေအနေများကို လေ့လာခဲ့ပါသည်။ နှစ်ဘက်တို့သည် ငလျင်ဘေး ကယ်ဆယ်ရေးနှင့်  ငလျင်ပြီးနောက်  ပြန်လည်ထူထောင်ရေး စသည်တို့နှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

    သံအမတ်ကြီး Ms.Ma Jia သည် နေပြည်တော်ရှိ တရုတ်လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ် များနှင့်လည်း ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး နေပြည်တော်ရှိ တရုတ်လုပ်ငန်း ကုမ္ပဏီ များမှ တရုတ်ကယ်ဆယ်ရေး အဖွဲ့များအား အကူအညီပေးခြင်းအတွက် သံအမတ်ကြီး Ms.Ma Jia က တန်ဖိုးထား ချီးကျူးခဲ့ပါသည်။ နေပြည်တော်ရှိ တရုတ်လုပ်ငန်း ကုမ္ပဏီ များသည် ဘေးသင့်အခြေအနေနှင့် ရင်ဆိုင်ရန် နည်းလမ်းဆောင်ရွက်ချက်များကို မိတ်ဆက် ဖော်ပြ ခဲ့ကြပါသည်။ သံအမတ်ကြီး Ms.Ma Jia က နေပြည်တော်ရှိ တရုတ်လုပ်ငန်း ကုမ္ပဏီများမှ မြန်မာနိုင်ငံ၏ ငလျင်ဘေးကယ်ဆယ်ရေးနှင့် ငလျင်ပြီးနောက် ပြန်လည် ထူထောင်ရေး အတွက် ဆက်လက်အကျိုးပြုစွမ်းဆောင်ပေးရန် အားပေးပြောကြားခဲ့ပါသည်။

    သံအမတ်ကြီး Ms.Ma Jia သည်လည်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ နေပြည်တော် သပြေကုန်းဈေး၊ ပျဉ်းမနားမြို့နယ် စသည့်ဒေသများသို့ သွားရောက်ပြီး  ငလျင် ပြီးနောက် ပြည်လည်ထူထောင်ရေး၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး၊ ကယ်ဆယ်ရေး ပစ္စည်းများ မျှဝေပေးရေးစသည့် အခြေအနေများကို လေ့လာခဲ့ပါသည်။