တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော ဒုတိယအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

Xinhua, April 8, 2025
Size:

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော ဒုတိယအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးပစ္စည်းများသည် ဒေသစံတော်ချိန် ဧပြီ ၃ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော ဒုတိယအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးပစ္စည်းများသည် ဒေသစံတော်ချိန် ဧပြီ ၃ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
အဆိုပါ ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ ၈၀၀ လုံး၊ ခြုံစောင် ၂,၀၀၀ ထည်၊ ဘီစကွတ် ၃,၀၀၀ သေတ္တာ၊ Mineral Water ၂,၀၀၀ သေတ္တာတို့ ပါဝင်ကြောင်း သိရသည်။ ပထမဆုံးအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးပစ္စည်းများသည် မတ် ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိပြီးဖြစ်သည်။ (Xinhua)

1  2  3  4  5  >