တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ တစ်ဆင့် မြန်မာ ငလျင်ဘေးသင့်ဒေသများအား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးခဲ့သည်။ ထို ထောက်ပံ့ရေး ပစ္စည်းများတွင် ရွက်ဖျင်တဲ ၃၀၀ ၊ စောင်၂၀၀၀ ၊ ခေါက်ကုတင် ၆၀၀ နှင့် ဘေးဒုက္ခသည်မိသားစု ၂၀၀၀ အတွက် အသုံးပြုနိုင်သည့် မိသားစု ကယ်ဆယ်ရေး ပစ္စည်းများ ပါဝင်ပါသည်။ ဤပစ္စည်းများကို ယူနန်ပြည်နယ်ရှိ ကြက်ခြေနီ ဘေးအန္တရာယ် ကာကွယ်ရေးစင်တာမှ ပေးပို့ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလိုအပ်ချက်များကို အဆက်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး အခြေအနေအရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက် ပေးပို့သွားမည်ဖြစ်သည်။