မတ်လ ၁၈ ရက်နေ့တွင် “ရောင်စုံ လန်ချန်း-မဲခေါင် ထျန်းဖူတွင် စုစည်းတွေ့ဆုံ”ဟူသောခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ရက်သတ္တပတ် ဂုဏ်ပြုခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ ချိန်တူးမြို့ရှိ တရုတ်ပြည်ဆိုင်ရာ ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်အရာရှိများ၊ စီချွမ်းပြည်နယ် နိုင်ငံခြားရေးရုံး၊ ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချိန်တူးမြို့ရှိ နိုင်ငံခြားဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ၏ ကိုယ်စားလှယ်များသည် အထက်ပါအခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည်။
၂၀၂၅ ခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထူထောင်ခြင်း ၁၀ နှစ် ပြည့်သော အခါသမယ ဖြစ်သည်။ မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိသည် ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ရက်သတ္တပတ် ဖြစ်သည်။ ၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ရက်သတ္တပတ် ဂုဏ်ပြုခြင်းလှုပ်ရှားမှုသည် ၁၇ ရက်နေ့မှ ဧပြီလအထိ ကျင်းပမည်ဖြစ်ကြောင်း၊ ၎င်းလှုပ်ရှားမှုများတွင် short video၊ ဓာတ်ပုံနှင့် ပုံပြင်ပြပွဲများ၊ လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များဖလှယ်မှုစခန်း၊ ထိုင်းနိုင်ငံ စုန်ကန်ပွဲတော်ယဉ်ကျေးမှုဖလှယ်ရေး ရှိကြောင်း သိရပေသည်။ ယင်းထဲတွင် လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များဖလှယ်မှုစခန်းသည် လန်ချန်း-မဲခေါင်ဒေသက ၅ နိုင်ငံမှ လူငယ်များကို အသုတ်လိုက် စီချွမ်းသို့ လာလည်ရန် ဖိတ်၍ တရုတ်ဘာသာသင်ယူလေ့လာခြင်း၊ ဆွေးနွေးဖလှယ်ပွဲ ကျင်းပခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို လေ့လာခြင်း၊ ကဗျာများကို ရွတ်ဆိုခြင်း၊ ယဉ်ကျေးမှုဒေသများကို လည်ပတ်ကြည့်ရှုခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။