မတ်လ ၂၇ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏နှစ်၈၀ပြည့် တပ်မတော်နေ့ ဖြစ်ပါတယ်။
မတ်လ ၂၈ရက်နေ့မှာတော့ နှစ်၈၀ပြည့်တပ်မတော်နေ့ အခမ်းအနားကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှာကျင်းပခဲ့ပါတယ်။ အခမ်းအနားကို သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ ကြည်းရေလေ ဗိုလ်မှူးချုပ်ဇော်ဇော်နိုင် ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (လေတပ်)မှ ဒုတိယဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရီချင်းကျန်း၊ စွယ်တော်ကျောင်းတိုက် ဆရာတော်နဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ပါတယ်။