ဒေသစံတော်ချိန် မတ်လ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော ပထမဆုံးအသုတ် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia ၊ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့သည် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အကူအညီများပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခု ငလျင်ဘေးကယ်ဆယ်ရေး ပစ္စည်းများကို ဘေးသင့်ရာဒေသများသို့ အမြန်ဆုံးပို့ဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။