မြန်မာနိုင်ငံတွင် ငလျင်ဘေး ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝမ်ယိသည် မြန်မာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေအား နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့

CGTN, April 2, 2025
Size:

 မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်ဘေးကြီး ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေအား နှစ်သိမ့်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့သည်။

  ဝမ်ယိ၏ သဝဏ်လွှာတွင် မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်ဘေးဒဏ် ဖြစ်ပွားခဲ့ပြီး ပြင်းထန်သော သေကျေဒဏ်ရာရရှိမှုနှင့် အိုးအိမ်စည်းစိမ် နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းကို ကြားသိရသည့်အတွက် မိမိသည် ဘေးသင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့် ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား တတ်နိုင်သမျှ ကူညီမှုများ ပံ့ပိုးပေးလို ပါကြောင်း၊ ဘေးသင့်ဒေသမှ ပြည်သူများသည် ရပ်ရွာများကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားဖော်ပြ ထားပါသည်။